Pages

Monday, December 3, 2012

HIV ပိုးဖြင့် အသက်ရှင် နေထိုင်သော အမျိုးသမီးများ ကွန်ရက် လားရှိုးတွင် ဖွဲ့စည်း

ဒီဇင်ဘာ(၃)


 
၂ဝ၁၂ ခုနှစ် ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ HIV ပိုးဖြင့်  အသက်ရှင်နေ ထိုင်သော အမျိုးသမီးများ ကွန်ရက် Myanmar Positive Woman Network (MPWN) ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဖွဲ့စည်းခြင်းနှင့် အသိပညာပေး ရှင်းလင်းခြင်း အခမ်း အနားကို နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီက မြို့တော် ခန်းမ၌ ကျင်းပရာ  အခမ်းအနားသို့ ခရိုင်/ မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ ဆေးရုံကြီးမှခုခံကျ / ကာလသား ရောဂါ ဆရာဝန်ကြီး ဒေါက်တာ မြင့်ကျော်၊ ဒေါက်တာ နန်းရီ လှိုင်ဦး၊ လူမှုရေး အသင်းအဖွဲ့များ၊  စေတနာ အလှူရှင်များ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်နယ်ခုခံကျ / ကာလသား ရောဂါ ဆရာဝန်ကြီး ဒေါက်တာ ထွန်းသန်းဦးက အဖွင့်အမှာ စကားပြော ကြားပြီး ခရိုင် အမျိုးသမီး ရေးရာ အဖွဲ့မှ ဒေါက်တာ နန်းကိန် ဖုန်းတင့်နှင့် စာရေး ဆရာမ မကံကော် (ဒေါ်စုစုလှိုင်) တို့က အမှာစကား အသီးသီး ပြောကြား ကြသည်။
ဆက်လက်၍ HIV ရောဂါပိုးဖြင့် အသက်ရှင် နေထိုင်သော အမျိုးသမီးများ ကွန်ရက်သို့ စေတနာ အလှူရှင် များက အလှူငွေများ ပေးအပ် လှူဒါန်းရာ (MPWN) ဥက္ကဋ္ဌ ဒေါ်နော်ရှဲဝါးနှင့် လားရှိုး ဒေသခံ ဒေါ်ခင်သူဆွေ တို့က လက်ခံရယူ ကြသည်။
ထို့နောက် မူကြို ကလေးငယ်များမှ အကများဖြင့် ဖျော်ဖြေ တင်ဆက်ပြီးနောက် လားရှိုး ဒေသခံ အဆိုတော် များက သီချင်း များဖြင့် ဖျော်ဖြေ တင်ဆက်သည်။
အဆိုပါ (MPWN) သည် ရှမ်းပြည်နယ် လားရှိုး ဒေသရှိ HIV ပိုးရှိ အမျိုးသမီးနှင့် ကလေးငယ် များကို   ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများတွင် မိမိတို့ တတ်နိုင်သည့် ဘက်မှ ကူညီ ဆောင်ရွက် ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
 
မြ၀တီ

No comments:

Post a Comment