Pages

Thursday, December 27, 2012

Mi 24 ကို မြန်မာတွေ တော်တော်လေး စိတ်ဝင်စားမယ်ထင်လို့ ကျွန်တော် သိသလောက် မှတ်သလောက်လေး Mi24 အကြောင်း ရေးသားလိုက်ပါ တယ်

ဒီဇင်ဘာလ ၂၇

Photo: Mi 24 ကို မြန်မာတွေ တော်တော်လေး စိတ်ဝင်စားမယ်ထင်လို့ ကျွန်တော် သိသလောက် မှတ်သလောက်လေး Mi24 အကြောင်း ရေးသားလိုက်ပါ
တယ်။

Mi 24 အား ရုရှားနိုင်ငံမှ ၁၉၆၉တွင်ထုတ်လုပ် ပြီး ၁၉၇၄တွင် နိုင်ငံတကာသို့ 
တရားဝင်ထုတ်ဖော်ကြေငြာခဲ့ပါသည်။ မြေပြင်တပ်များကို လေကြောင်းပစ်ကူ
ပေးခြင်း၊ တင့်ကားများကို လျှင်မြန်စွာခြေမှုန်း ဖျက်စီးနိုင်ခြင်း၊ လေကြောင်း
တိုက်ပွဲများ ဆင်နွှဲနိုင်ခြင်း စတဲ့ တိုက်ခိုက်ရေးတာဝန်များအပြင် သယ်ယူပို့
့ဆောင်ရေးအတွက်လည်း အသုံးပြုနိုင်အောင် ထုတ်လုပ်ထားပါတယ်။ Mi 24 ဟာ Mi 8 ရဲ့ အင်ဂျင်စွမ်းပကားကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်ပါ
တယ်။ ရုရှားနဲ့ အာဖဂန်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာအဓိက ပြောစမှတ်ပြုလောက်
အောင် စွမ်းဆောင်နိုင်တဲ့ ရဟတ်ယာဉ်တစ်စီးဆိုရင် မမှားပါဘူး။ ရန်သူများဟာ Mi 24 ကို လွန်စွာ ကြောက် ရွံ့ကြပါတယ်။ ဒါကြောင့်လည်း အမေရိကန် CIA ဟာ နောက်ကွယ်ကနေ အာဖဂန်ကို missile များ တိတ်တဆိတ်ပံ့ပိုးပြီး ဖျက်စီးစေပါတယ်။

အဲဒီအချိန်တုန်းက Mi 24 ရဲ့ အားနည်းချက်များဟာ အပူစနစ်များပြားပြီး ရန်သူရဲ့ heat seeker missile များကို ရှောင်ခွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ ရုရှားက အဆိုပါ အားနည်းချက်များကို ပြင်ဆင်ပြီး မွန်းမံထုတ်လုပ်လိုက်တာကြောင့် အားသာချက်တွေ တော်တော်လေး ကောင်းလာပြီလို့လဲ ပြောလို့ရပါတယ်။ Mi 24 ကို နေတိုးနဲ့ အမေရိကန်မဟာမိတ်တွေက Hind လို့လဲ ခေါ်ကြပါတယ်။ ဒါပေမယ့် ဆိုဗီယက် ရဟတ်ယာဉ်မှူးတွေကတော့ "Flying Tank" လို့လဲ ခေါ်ဝေါ်သမုတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်သူ့တပ်တွေကို ချေမှုန်းရာမှာ တင့်ကားဟာ လွန်စွာ အရေးပါ အစွမ်းထက်ပါတယ်။ အဆိုပါ တင့်ကားကို ပျံသန်းနိုင်အောင် ပြုလုပ်လိုက်ရင်တော့ ရန်သူများဟာ အလွန်ပင် ကြောက်ရွံ့ကြပါတယ်။ ဒါကြောင့် Mi 24 ပျံသန်းလာရင် ရန်သူတွေဟာ အတော်ကို အထိနာစေတာကြောင့် "flying tank" လို့ အမည်ပေးထားတာဆိုရင်တော့ မမှားပါဘူး။

Mi 24 Hind ကိုမှ Mi 25 Hind D, Mi 35 Hind E ဆိုပြီးထပ်မံ ခွဲခြားလိုက်ပါသေးတယ်။ ပြည်ပပို့တဲ့ အခါ Mi 35 ကို တင်ပို့ရောင်းချပါတယ်။

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce
Mi 24 အား ရုရှားနိုင်ငံမှ ၁၉၆၉တွင်ထုတ်လုပ် ပြီး ၁၉၇၄တွင် နိုင်ငံတကာသို့တရားဝင်ထုတ်ဖော်ကြေငြာ

ခဲ့ပါသည်။ မြေပြင်တပ်များကို လေကြောင်းပစ်ကူပေးခြင်း၊ တင့်ကားများကိုလျှင်မြန်စွာခြေမှုန်းဖျက်
စီးနိုင်ခြင်း၊ လေကြောင်းတိုက်ပွဲများ ဆင်နွှဲနိုင်ခြင်းစတဲ့တိုက်ခိုက်ရေးတာဝန်များအပြင့်သယ်ယူပို့ဆောင်ရေး
အတွက်လည်း အသုံးပြုနိုင်အောင် ထုတ်လုပ်ထားပါတယ်။ Mi 24 ဟာ Mi 8 ရဲ့ အင်ဂျင်စွမ်းပကားကို အခြေ
ခံပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ရုရှားနဲ့ အာဖဂန်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာအဓိက ပြောစမှတ်ပြုလောက်
အောင် စွမ်းဆောင်နိုင်တဲ့ ရဟတ်ယာဉ်တစ်စီးဆိုရင် မမှားပါဘူး။ ရန်သူများဟာ Mi 24 ကို လွန်စွာ ကြောက် ရွံ့ကြပါတယ်။ ဒါကြောင့်လည်း အမေရိကန် CIA ဟာ နောက်ကွယ်ကနေ အာဖဂန်ကို missile များ တိတ်တ

ဆိတ်ပံ့ပိုးပြီး ဖျက်စီးစေပါတယ်။

အဲဒီအချိန်တုန်းက Mi 24 ရဲ့ အားနည်းချက်များဟာ အပူစနစ်များပြားပြီး ရန်သူရဲ့ heat seeker missile များကို ရှောင်ခွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ ရုရှားက အဆိုပါ အားနည်းချက်များကို ပြင်ဆင်ပြီး မွန်းမံထုတ်လုပ်လိုက်တာကြောင့် အားသာချက်တွေ တော်တော်လေး ကောင်းလာပြီလို့လဲ ပြောလို့ရပါ

တယ်။ Mi 24 ကို နေတိုးနဲ့ အမေရိကန်မဟာမိတ်တွေက Hind လို့လဲ ခေါ်ကြပါတယ်။ ဒါပေမယ့် ဆိုဗီယက် ရဟတ်ယာဉ်မှူးတွေကတော့ "Flying Tank" လို့လဲ ခေါ်ဝေါ်သမုတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်သူ့တပ်တွေကို ချေမှုန်းရာမှာ တင့်ကားဟာ လွန်စွာ အရေးပါ အစွမ်းထက်ပါတယ်။ အဆိုပါ တင့်ကားကို ပျံသန်းနိုင်အောင် ပြုလုပ်လိုက်ရင်တော့ ရန်သူများဟာ အလွန်ပင် ကြောက်ရွံ့ကြပါတယ်။ ဒါကြောင့် Mi 24 ပျံသန်းလာရင် ရန်သူတွေဟာ အတော်ကို အထိနာစေတာကြောင့် "flying tank" လို့ အမည်ပေးထားတာဆို
ရင်တော့ မမှားပါဘူး။

Mi 24 Hind ကိုမှ Mi 25 Hind D, Mi 35 Hind E ဆိုပြီးထပ်မံ ခွဲခြားလိုက်ပါသေးတယ်။ ပြည်ပပို့တဲ့ အခါ Mi 35 ကို တင်ပို့ရောင်းချပါတယ်။
ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

No comments:

Post a Comment