Pages

Friday, December 7, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Ms. Baroness Valerie Amos အားလက်ခံတွေ့ဆုံ

ဒီဇင်ဘာ(၇)


နေပြည်တော် ဒီဇင်ဘာ ၆

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ms. Baroness Valerie Amos ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ(၄)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင် ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ကျော်တို့ တက်ရောက်ကြပြီး  ဧည့်သည်တော် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ashok Nigam  လည်း တက်ရောက်သည်။

တွေ့ဆုံရာ၌ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးရေး၊ ယင်းဒေသများတွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ယာယီတဲများနှင့် ရေမိလ္လာစနစ် ပံ့ပိုးဆောင်ရွက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်ပေးရေး၊ သဘာဝဘေးဒဏ် ကာကွယ်ရေး၊ အလျင်အမြန်တုန့်ပြန်ရေးနှင့် ပညာပေးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

Myanmar President Office
 

No comments:

Post a Comment