Pages

Friday, December 7, 2012

အမေရိကန် Winrock အဖွဲ့မှ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် နည်းပညာ ကူညီပံ့ပိုးမည်

ဒီဇင်ဘာ(၇)


အမေရိကန်နိုင်ငံ Winrock International အဖွဲ့အစည်းမှ မြန်မာနိုင်ငံ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများ တွင် နည်းပညာဆိုင်ရာပံ့ပိုးမှုများ   ပြုလုပ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရ သည်။

အဆိုပါ အဖွဲ့အစည်းသည် Farmer to Farmer Development Program အရ မြန်မာနိုင်ငံရှိ မွေးမြူရေး နှင့် ငါးလုပ်ငန်း ကဏ္ဍ၌ ငါးမြစ်ချင်း ငါးမျိုးများမြှင့်တင်ခြင်း၊ ပြည်ပပို့ ငါးများအားပြုပြင် ထိန်းသိမ်းထုတ် လုပ်ခြင်း စသည့် နည်းလမ်းများနှင့် မွေးမြူရေးနည်းပညာများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရ သည်။


"သူတို့စရိတ်နဲ့သူတို့  လာပြီးနည်းပညာတွေ ပံ့ပိုးပေးသွားမှာ။ မြန်မာနိုင်ငံသားငါးကဏ္ဍမှာ လိုအပ်နေတဲ့ နည်း ပညာတွေ၊ အခက်အခဲတွေကို သူတို့ဆီကို အဆိုပြုလွှာတွေ တင်ခိုင်းထားတယ်။ အဆိုပြုလွှာတွေ အပေါ် မူတည်ပြီးတော့ မြန်မာပြည်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ နည်းပညာတွေကို လက်ပွန်းတတီး သင်ပေးသွားမှာပါ" ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

မြန်မာနိုင်ငံမွေးမြူရေးနှင့် ရေလုပ်ငန်းများမှ သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် အဆိုပြုလွှာ(၃)ခုစီကို အဆိုပါ အဖွဲ့အစည်းသို့ တင်ထားကြောင်း၊ မြန်မာနိုင်ငံအား နည်းပညာပံ့ပိုးပေးမူများကြောင့် အမေရိကန် ဈေးကွက်တွင်း အသား၊ ငါးထုတ်ကုန် အရည်အသွေး ပြည့်မှီအောင်ထုတ်လုပ်တင်ပို့လာနိုင်ခြင်းနှင့် ပြည်ပ ဈေးကွက်များသို့ တိုးချဲ့လာနိုင် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်က ဆိုသည်။

"နည်းပညာအရ ပေါင်းကူးတဲ့အစီအစဉ်ပါ။ ဈေးကွက်ရဖို့လည်း လိုတယ်။ ဈေးကွက်ကို အပြောင်းအလဲ လုပ်ပေး ဖို့ လိုပါတယ်။ဒီလိုလုပ်ပေးမှလည်း ဖွံ့ဖြိုးတိုးတက်မှုရလာမှာပါ" ဟု ရေထွက်ပစ္စည်းနှင့်ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောသည်။

မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုများဖယ်ရှားခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံတကာမှ ပြည်တွင်း သားငါးကဏ္ဍသို့ နည်းပညာများ ပံပိုးကူညီမှု အများအပြားရှိလာကြောင်းသိရှိရသည်။

အလားတူ ယခု ဒီဇင်ဘာလတွင်း ဘင်္ဂလားဒေ့(ရှ်) အခြေစိုက် Winrock International အဖွဲ့မှလည်း ဆိတ်မွေးမြူ ရေးလုပ်ငန်းများတွင် နည်းပညာပံ့ပိုးကူညီပေးများဖြင့် အကျိုးဖြစ်ထွန်းကောင်းမွန်သည့် မွေးမြူမှုစနစ်များအား ဆွေးနွေးသွား မည်ဖြစ်ကြောင်းကိုလည်း နိုဝင်ဘာလကုန်းပိုင်းတွင်း ငါးလုပ်ငန်း အဖွဲ့ချုပ်ထံ မှသိရှိရသည်။


သတင်း - ယမင်း(မြစ်မခ)

No comments:

Post a Comment