Pages

Saturday, January 5, 2013

“အဲပုဂံ Black Box သြစီသွားမည်”


 ဇန်န၀ါရီ(၅)

ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဟဲဟိုးလေဆိပ်၌ မတော်တဆမှုဖြစ်ကာ မီးလောင်ကျွမ်းခဲ့သော အဲပုဂံလေယာဉ် မှ Black Box ကို စင်္ကာပူထက် နည်းပညာ ပိုမိုမြင့်မားသော သြစတြေးလျသို့ ယခုလအတွင်း ပေးပို့စစ်ဆေးသွားမည် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဦးမျိုးသန့်ထံမှ သိရသည်။           

“စင်္ကာပူက လက်မခံတာ မဟုတ်ပါဘူး၊ အာဆီယံနိုင်ငံတွေ အချင်းချင်း ကူညီဖို့ စာချုပ်ချုပ်ဆိုထားတာမှာ စင်္ကာပူက ကူညီပေးပါတယ်။ သူက သူ့ထက်နည်းပညာ ပိုမြင့်တဲ့ သြစတြေးလျနဲ့ ချိတ်ပေးတယ်၊ အဲ့ဒီကို Black Box သွားပို့ဖို့အတွက် ကော်မရှင်အဖွဲ့ သြစတြေးလျထွက်ခွာဖို့ ခွင့်ပြုချက်စောင့်နေတာ”ဟု အထက် ပါ ပုဂ္ဂိုလ်က ပြောသည်။       

အဆိုပါ Black Box ကို စစ်ဆေးရန်အတွက် စင်္ကာပူနိုင်ငံမှ ကူညီပေးသွားမည်ဖြစ်ပြီး နယ်သာလန်နိုင်ငံမှ ဖော်ကာ ဆားဗစ်မှလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။      

လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းမှန်ကို Black Box စစ်ဆေးပြီးမှသာ အတည်ပြုသတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။


Popular News

No comments:

Post a Comment