Pages

Wednesday, January 16, 2013

ဖလော်ရီဒါ ပြည်နယ်တွင် ကျင်းပသော စပါးအုံး မြွေဖမ်းပြိုင်ပွဲ ပြည်သူ ၈ဝဝ နီးပါး ပါဝင်ယှဉ်ပြိုင်



အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ရှိ ငါးမွေးမြူရေးနှင့် တောရိုင်း တိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မရှင်က ကြီးမှူး ကျင်းပသော စပါးအုံး မြွေဖမ်း ပြိုင်ပွဲကြီးတွင် ပြည်သူ ၈ဝဝ နီးပါး ပါဝင် ဆင်နွှဲခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် စပါးအုံးမြွေ အရှည်ဆုံးနှင့် အများဆုံး ဖမ်းမိသည့် ပြိုင်ပွဲဝင်အား ငွေသား ဆုချီး မြှင့်မည်ဟု သိရသည်။ မြွေဖမ်း ပြိုင်ပွဲကို ဇန်နဝါရီ ၁၂ ရက်က စတင်ခဲ့ပြီး ဖေဖော်ဝါရီ ၁ဝ ရက် ညသန်းခေါင် အချိန်တွင် ပြိုင်ပွဲ ပြီးဆုံးမည် ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မရှင်က ပြောကြားခဲ့သည် ၎င်းစပါးအုံး မြွေရှာဖွေမှု ပြိုင်ပွဲတွင် လိုင်စင်ရ အမဲလိုက် မုဆိုးများ၏ အကူအညီဖြင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး ၎င်းပြိုင်ပွဲသည် Everglades သစ်တောအတွင်း ကျူးကျော် ဝင်ရောက်လာသည့် မြွေအန္တရာယ်ကို  ရှင်းထုတ်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ပြိုင်ပွဲ ကျင်းပရေး ကော်မရှင်မှ တာဝန် ရှိသူများက ပြောကြားထားကြောင်း  သိရသည်။
မြ၀တီ

No comments:

Post a Comment