Pages

Monday, January 14, 2013

ကမ္ဘာ့ရုပ်ရှင် ဈေးကွက်တွင် နံပါတ်(၂) နေရာ ရရှိခဲ့သည့် တရုတ်နိုင်ငံ

 ကမ္ဘာ့ရုပ်ရှင် ဈေးကွက်တွင် နံပါတ်(၂) နေရာ ရရှိခဲ့သည့် တရုတ်နိုင်ငံ
 
တရုတ်နိုင်ငံမှ ရုပ်ရှင် ဝါသနာအိုး များသည် ၂ဝ၁၂ ခုနှစ်အတွင်း ရုပ်ရှင် လက်မှတ်ဖိုး ယွမ် ၁၇ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ) သုံးစွဲ ခဲ့ကြသည်။ ရုပ်ရှင်ရုံ ဝင်ငွေသည် အလွန်များပြား လာခဲ့ပြီး တရုတ် နိုင်ငံသည် ဒုတိယ အကြီးဆုံး ရုပ်ရှင်ဈေးကွက် ဖြစ်လာခဲ့ကြောင်း တရုတ်နိုင်ငံပိုင်ဆင်ဟွာ သတင်းဌာနက ထုတ်ဖော် ပြောကြားသည်။ တရုတ် နိုင်ငံတွင် ၂ဝ၁၁ ခုနှစ်၏ ရုံတင်အမြတ်ငွေ ရရှိမှုထက် ၃ဝ ရာခိုင်နှုန်း ပိုမို မြင့်တက် လာခဲ့ကြောင်း တရုတ်နိုင်ငံ ရုပ်ရှင် အစည်းအရုံးနှင့် ပြန်ကြားရေး ဝန်ကြီး ဌာန၏ ပြောကြားချက်ကို ကိုးကား၍  ဆင်ဟွာ သတင်းဌာနက ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။ တရုတ် နိုင်ငံသည် ရုပ်ရှင်လုပ်ငန်း နှင့် စပ်လျဉ်း၍ နှစ်ပေါင်း အတော်ကြာ ကန့် သတ်မှုများ ရှိခဲ့ပြီးနောက် ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်ကားများ ကြည့်ရှုမှု ပိုမိုများပြား လာခဲ့သည်။ အမေရိကန် ရုပ်ရှင် ဇာတ်ကားများ တိုးမြှင့်ပြသရန် တရုတ် နိုင်ငံက  ၂ဝ၁၂  ခုနှစ်တွင် သဘောတူခဲ့ သောကြောင့် ၎င်းဇာတ် ကားများ ပိုမို ရုံတင်ပြသခွင့် ရရှိလာခဲ့သည်။ ပြည်တွင်း ရုပ်ရှင် ဇာတ်ကား ၈၉၃ ကားကိုလည်း ရိုက်ကူး ၍ ဈေးကွက်အတွင်း ဖြန့်ချိနိုင်ခဲ့သည်။

မည်သို့ ဆိုစေကာမူ ပြည်ပရုပ်ရှင် ဇာတ်ကားများ ရုံတင်ပြသခြင်း ဝင်ငွေသည် ၅၁ ရာခိုင်နှုန်း ဖြစ်လာ ခဲ့ပြီး ပြည်တွင်း ရုံတင်ပြသခြင်း ဝင်ငွေကို နှစ်ပေါင်း ၉ နှစ်အတွင်း ကျော်လွန် သွားခဲ့သည်။ ဟောလီးဝုဒ် ဇာတ်ကားများ ပြသခြင်း သည် တရုတ်နိုင်ငံတွင် ၁၈ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ မြင့်တက် ခဲ့သော်လည်း ပြည်တွင်း  ဇာတ်ကားများ၏ ဝင်ငွေမှာ ခန့်မှန်းသည်ထက် ပိုမို ကျော်လွန်နေကြောင်း ရုပ်ရှင် အစည်းအရုံးနှင့် ပြန်ကြားရေး ဝန်ကြီးဌာန အကြီးအကဲ တန်ဂန်က ပြောကြားခဲ့သည်။ ဒုတိယ ဝန်ကြီးကလည်း ပြည်တွင်း ရုပ်ရှင်ဇာတ်ကား များကို အဆင့်မြင့် ဖန်တီးမှုများဖြင့် ကြိုးစားသွားကြရန် ပြိုင်ဘက်ပြည်ပ နိုင်ငံများထက် သာလွန်အောင် ဖန်တီး သွားကြရန် ပြီးခဲ့သည့် နိုဝင်ဘာလက  ရုပ်ရှင် အသိုင်းအဝန်းအား တိုက်တွန်းပြောကြား ထားသည်။

တရုတ် အစိုးရသည် ပြည်တွင်း မငြိမ်သက်မှု များကို  ဖြစ်စေနိုင်သည့် နိုင်ငံရေး ဆိုင်ရာ လှုံ့ဆော်သည့် ဇာတ်ကားများ ရုံတင် ပြသခန်းကို တင်းကျပ်စွာ တားမြစ် ထားခဲ့သည်ဟု သိရသည်။ သို့သော် ထိုင်းနိုင်ငံတွင်မူ တရုတ် ဟာသ ဇာတ်ကားများ ရုံတင် ပြသမှုသည် ဒီဇင်ဘာလ အတွင်း ယွမ် ၁ ဒသမ ၂ ဘီလီယံ(အမေရိကန် ဒေါ်လာ သန်း ၁၉ဝ) ဝင်ငွေသာ ရှိခဲ့သဖြင့် တရုတ် နိုင်ငံ၏ အကြီးဆုံး box office စာရင်းတွင် ကျဆင်းခဲ့သည်ဟု သိရသည်။
 မြ၀တီ

No comments:

Post a Comment