ရောင်းစားခံထားရတဲ့ မြန်မာ မိန်းကလေးတချို့ ထိုင်း က ကယ်တင်
ထိုင်း-မြန်မာ
နယ်စပ် မဲဆောက်မြို့ထဲမှာရှိတဲ့ ကာလာအိုကေဆိုင်တခုမှာ ရောင်းစားခံထားရတဲ့
မြန်မာ မိန်းကလေးတွေကို ထိုင်းအာဏာပိုင်တွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး
ပူးပေါင်း အဖွဲ့တို့က ယမန်နေ့ ဇန်န၀ါရီလ ၇ ရက်နေ့က ကယ်တင်လိုက်တယ်လို့
ထိုင်း ရုပ်သံက ကြေငြာပါတယ်။ လတ်တလောမှာတော့
ကယ်တင်ထားတဲ့ မိန်းကလေးတွေကို ထိန်းသိမ်းထားပြီး ဆိုင်ပိုင်ရှင်ကို
အရေးယူဖို့ ထိုင်း အာဏာပိုင်တွေက ဆောင်ရွက်နေပါတယ်။ ထိုင်းအာဏာပိုင်တွေ ကယ်တင်လိုက်တဲ့ မိန်းကလေးတွေ ထဲမှာ အသက် ၁၈ နှစ် မပြည့်တဲ့ သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီ
No comments:
Post a Comment