Pages

Tuesday, January 29, 2013

ရှမ်း၊ ကယား လက်နက်ကိုင် အဖွဲ့များ ပါဝင်သော ဒုတိယအဆင့် ရှမ်းညီလာခံ ကျင်းပရန် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းမည်

ဇန်န၀ါရီ(၂၉)


ရှမ်း၊ ကယား လက်နက်ကိုင် အဖွဲ့များ ပါဝင်သော ဒုတိယအဆင့် ရှမ်းညီလာခံ ကျင်းပရန် အဖွဲ့စုံ ပါဝင်သော ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဇန်န၀ါရီလ ၂၈ ရက်က ပြောကြားခဲ့သည်။
အဆိုပါ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီကို ရှမ်းပြည်နယ် လားရှိုးမြို့၌ ဇန်န၀ါရီလ ၂၉ ရက်တွင် အစည်းအဝေး ကျင်းပကာ ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။
ပထမအဆင့် ရှမ်းညီလာခံတွင် ရှမ်းတိုင်းရင်းသားများ သီးသန့်သာ တွေ့ဆုံခဲ့သော်လည်း ယခုကျင်းပမည့် ဒုတိယအဆင့်၌ ကယားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများလည်း ပါဝင်မည် ဖြစ်သဖြင့် ဖြစ်မြောက်ရေး ကော်မတီတွင်လည်း ကယားအဖွဲ့ အစည်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်သည် ရှမ်းပြည်နယ်နှင့် တစ်ဆက်စပ်တည်း ဖြစ်နေသောကြောင့် ကယားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများကလည်း ယခုအဆင့်တွင် ပါဝင်ဆွေးနွေး လိုသောကြောင့် ရှမ်း၊ ကယား တွေ့ဆုံမှု ဖြစ်သွားရကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဇန်န၀ါရီလ ဒုတိယပတ်တွင် Eleven Media Group သို့ ပြောကြားထားခဲ့သည်။
ပထမအဆင့် ရှမ်းညီလာခံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ဒုတိယအဆင့် ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပြုလုပ်သွားဖွယ် ရှိကြောင်း သိရသည်။

ELEVEN

No comments:

Post a Comment