Pages

Tuesday, January 15, 2013

ရွှေတိဂုံ စေတီတော် ဆီမီး ၁ဝဝဝဝ ကပ်လှူ ပူဇော်ပွဲ



ရွှေတိဂုံ စေတီတော် မြတ်ကြီးအား ဆီမီး ၁ဝဝဝဝ ကပ်လှူ ပူဇော်ပွဲ အခမ်း အနားကို ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီက ရွှေတိဂုံ စေတီတော် မြတ်ကြီး ရင်ပြင်တော် ပေါ်၌ ကျင်းပရာ မန္တလေးမြို့ အတုလ မဟာ မြကျောက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ ဇောတိက ဓဇ ဥူးခေမာ စာရက ဆီမီး ၁ဝဝဝဝ ကပ်လှူ ပူဇော်မှု အစုစု အတွက် ရာဟုထောင့်၌ မေတ္တသုတ် ပရိတ် တရားတော် ရွတ်ဖတ်ပြီး စေတနာ ရှင်များက ဆီမီးများ ဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ ဆီမီး ကပ်လှူပွဲကို အတုလ မဟာ မြကျောက် ဆရာတော် (မန္တလေး) အား အမှူး ထား၍ ဦးတင်ရဲဝင်း၊ ဒေါ်ခင်ဝင်းချို၊ ဦးမျိုးမင်းနှင့် ဒေါ်ချိုနွယ်ဦး တို့က ဦးဆောင်၍ ခုနစ်ရက် သားသမီး များ၏ (၁ဝ) ကြိမ်မြောက် ကပ်လှူ ပူဇော်ခြင်း ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment