Pages

Wednesday, January 23, 2013

ဂူဂဲလ် ရဲ့ ၅ ခုမြောက် အရှေ့တောင်အာရှရုံးခွဲ ဖိလိပိုင်မှာ ဖွင့်လှစ်

Photo: ဂူဂဲလ် ရဲ့ ၅ ခုမြောက် အရှေ့တောင်အာရှရုံးခွဲ ဖိလိပိုင်မှာ ဖွင့်လှစ်
-----------------------------------------------------------------------

ဂူဂဲလ်ရဲ့ ရုံးခွဲတစ်ခုကို ဖိလိပိုင်နိုင်ငံ မြို့တော် မနီလာမှာ ဖွင့်လှစ်လိုက်ပြီး ဒါဟာ အရှေ့တောင်အာရှရဲ့ ငါးခုမြောက် ဂူဂဲလ်ရုံးခွဲလည်း ဖြစ်ကြောင်း သိရပါတယ်။ ဂူဂဲလ်ဟာ စင်ကာပူ၊ ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနီးရှား နိုင်ငံများမှာလည်း ရုံးခွဲဖွင့်ထားပါတယ်။ ဖိလိပိုင်မှာ လူဦးရေ ၃၃ သန်းကျော်က အင်တာနက်သုံးစွဲနေကြပြီး  ၂၀၁၆ ခုနှစ်မှာ နှစ်ဆတိုးလာမယ်လို့ တွက်ချက်ထားပါတယ်။ 

ဖိလိပိုင်နိုင်ငံက ဂူဂဲလ်ရဲ့ Free Zone ဖြစ်ပြီး အဲဒီမှာ google search, gmail, google+ တို့ကို အင်တာနက်ချိတ်ဆက်နိုင်တဲ့ မည်သည့် စမတ်ဖုန်းနဲ့မဆို ဒေတာသုံးစွဲမှု (သို့) အခကြေးငွေ ပေးစရာမလိုဘဲ သုံးနိုင်ပါတယ်။ ဂူဂဲလ်က စင်ကာပူ၊ ထိုင်ဝမ် နဲ့ ဟောင်ကောင် တို့မှာလည်း ဒေတာစင်တာအသစ်ကို တည်ဆောက်နေပြီး ၂၀၁၃ ခုနှစ်ကုန်လောက်မှာ ပြီးစီးဖို့ စီစဉ်နေပါတယ်။ အဆိုပါ ဒေတာစင်တာသုံးခု ပြီးစီးခဲ့ပါက အာရှဒေသများအတွက် အင်တာနက်နှုန်းများ ၃၀% အထိ လျင်မြန်လာမယ်လို့ သိရပါတယ်။ ဂူဂဲလ်ရဲ့ Chrome browser ကလည်း ၂၀၁၂ ခုနှစ် မေလကစပြီး IE နဲ့ Firefox တို့ကို ကျော်လွန်ပြီး လူသုံးအများဆုံး browser ဖြစ်လာကြောင်း သိရပါတယ်။
(Ref; The Next Web, Jan 23, 2013)

No comments:

Post a Comment