Pages

Tuesday, January 8, 2013

ကရင်နှစ်သစ်ကူးနေ့အတွက် ပဒိုသမိန်ထွန်း ရန်ကုန်ကို သွားရောက်

 

ကရင့်သက္ကရာဇ် ၂၇၅၂ခုနှစ်၊ ပြာသိုလဆန်း ၁ရက်နေ့ (၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁၂ရက်)တွင် ကျရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အတွက် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်သည့် ပဒိုစောသမိန်ထွန်းက ရန်ကုန်မြို့သို့ သွားရောက်ရန် ယနေ့မနက်တွင် ဗဟိုဌာနချုပ်မှ ထွက်ခွာ သွားပြီ ဖြစ်သည်။

ပဒိုစောသမိန်ထွန်းနှင့် အတူ သူ၏ကိုယ်ရေး အရာရှိ တဦးတို့သည် ယနေ့မနက်တွင် ဗဟိုဌာနချုပ်မှ မြ၀တီ
KNU ဆက်ဆံရေးရုံးကို သွားရောက်ပြီး ထိုမှတဆင့် ရန်ကုန်ကို သွားရောက် မည်ဖြစ်သည်ဟု သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ကရင်အမျိုးသား နှစ်သစ်ကူးကျင်းပရေးကော်မတီ၏ ဖိတ်ကြားချက်အရ KNUဗဟိုအလုပ်အမှုဆောင်အဖွဲ့မှဆုံးဖြတ်ကာဗဟိုအလှုပ်မှုဆောင်များဖြစ်သည့် ပဒိုစောသမိန်ထွန်းနှင့်
ပဒိုမန်းငြိမ်းမောင်တို့ကို တက်ရောက်စေခြင်း ဖြစ်ပြီး ပဒိုမန်းငြိမ်းမောင်မှာမူ ကေအဲန်ယူ ဥက္ကဌ၏ နေပြည်တော်ခရီးစဉ်တွင် အရင် သွားရောက်ခဲ့ပြီး ဖြစ်သည်။
အဲခါန်.သင့်(အဲခေါင်သောင့်)

No comments:

Post a Comment