Pages

Thursday, January 10, 2013

မြောက်ကိုရီးယားရောက် ဂူဂဲလ် ဥက္ကဋ္ဌ

ဂူဂဲလ်ကုမ္ပဏီ ဥက္ကဋ္ဌ အဲရစ်စမစ် (Eric Schmidt) နှင့် ယခင် နယူးမက္ကဆီကို ပြည်နယ်အကြီးအကဲ ဘီလ်ရစ်ချပ်ဆန် တို့ဦးဆောင်တဲ့ အဖွဲ့ဝင်ကိုးဦးအဖွဲ့ ဟာ မြောက်ကိုရီးယားကို လေးရက်ကြာခရီး အဖြစ် ရောက်ရှိနေပါတယ်။ ခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယား ပြည်သူတွေကို လွတ်လပ်စွာ အင်တာနက် သုံးစွဲခွင့်ပေးဖို့ ဂူဂဲလ်အုပ်စု က မြောက်ကိုရီးယားအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ထို့အပြင် နုကလီယားလက်နက်စမ်းသပ်မှုကို ရပ်ဆိုင်းပေးဖို့နဲ့ အဖမ်းခံရထားတဲ့ အမေရိကန်နိုင်ငံသား တဦးကို တရားမျှတစွာ ဆောင်ရွက်ပေးဖို့ ရစ်ချပ်ဆန်က တောင်းဆိုခဲ့ပါတယ်။ အဲရစ်စမစ်ရဲ့ မြောက်ကိုရီးယားခရီးစဉ်က လူအများကို အံ့အားသင့်စေခဲ့ပြီး အထူးသဖြင့် မကြာခင်ကမှ ဒုံးကျည်စမ်းသပ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယား ဆီကို သွားလည်ပတ်ဖို့ သင့်လျော်တဲ့အချိန် မဟုတ်ဘူးလို့ အမေရိကန်အစိုးရက ယူဆပါတယ်။ ဒါပေမဲ့ အဲရစ်စမစ်ရဲ့ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက် က အင်တာနက် လွတ်လပ်ခွင့် အဓိကဖြစ်ကြောင်း ထင်ရှားနေလို့ အဓိပ္ပါယ်ရှိပါတယ်။ သူဟာ အင်တာနက်လွတ်လပ်ခွင့် ကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့သူ ဖြစ်ပြီး လာမဲ့ ဧပြီလမှာ သူရေးသားတဲ့ "The New Digital Age: Reshaping the Future of People, Nations and Business" စာအုပ်လည်း ထွက်လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
myanmar 1

No comments:

Post a Comment