ထိုင်းဝန်ကြီးချုပ်ဟောင်း
ချာဗလစ်ယောင်ချိုင်ယုဒ်နှင့်အဖွဲ့သည် ဇန်န၀ါရီ ၂၂ရက်နံနက်၉နာရီခန့်တွင် မော်လမြိုင်
လေဆိပ်သို့ဆိုက်ရောက်ပြီး
မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ရုံးသို့ထွက်ခွာသွားပြီးဖြစ်ကြောင်းသိရသည်။
သူသည်ဒေသတွင်းရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရေးတို့အတွက် ပြည်နယ်အစိုးရနှင့် ဆွေးနွေး

ရန် လာရောက်ခြင်းဖြစ်ကြောင်းသိရသည်။
သူ၏ ယခုခရီးစဉ်သည် စီးပွားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအတွက် မြန်မာနိုင်ငံသို့လာရောက်သည့် ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး၊ ပထမအကြိမ်ခရီးစဉ်တွင် နေပြည်တော်သို့သွားရောက်ကာ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌဦးစိုးသိန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

(Than Lwin Times)

No comments:
Post a Comment