Pages

Saturday, January 19, 2013

ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် နေပြည်တော်တွင် ကျင်းပပြုလုပ်

Photo: ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် နေပြည်တော်တွင် ကျင်းပပြုလုပ်
============================================================

ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကို ယနေ့ ၁၉-၁-၂၀၁၃ (စနေနေ့) နံနက်၉ နာရီမှ ၁၀ နာရီအထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဖိုရမ်တွင် ပြည်ထောင်စု သမ္မတမြန် မာနိုင် ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုတိယ၀န်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် များ နှင့် ကမ္ဘာတစ်ဝှမ်းမှ အလှူရှင်နိုင်ငံများ ၊ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြသည်။ 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ အဖွင့်မိန်းခွန်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာ သူများနှင့် နိုင်ငံတော်သမ္မတသည် အတူတကွ အမှတ်တရဓာတ်ပုံရိုက်ကူး ခဲ့သည်။ ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကို မနက်ဖြန် ၂၀-၁-၂၀၁၃ ရက်နေ့တွင် ဆက်လက်ကျင်း ပပြုလုပ်မည်ဖြစ် သည်။

Yangon Media Group

No comments:

Post a Comment