Pages

Thursday, January 3, 2013

သီပေါ ဘော်ကြိုမုဌောစေတီတော်ကြီး ထီးတော်အသစ်ပြန်လည်ပူဇော်မည်

ဇန်န၀ါရီလ  ၃
 
Photo: သီပေါ ဘော်ကြိုမုဌောစေတီတော်ကြီး ထီးတော်အသစ်ပြန်လည်ပူဇော်မည်
Thursday, January 03, 2013 

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ သမိုင်းဝင်
ဘော်ကြို မုဌောစေတီတော် မြတ်ကြီး၏ စိန်ဖူးတော်နှင့်ထီးတော်အား အသစ်ပြန်လည်ပူဇော်ရန်အတွက် ထီးတော်အဟောင်းအား ဇန်န၀ါရီလ ၁ရက်နေ့ နေ့လည် (၁)နာရီဝန်းကျင်က  မြေပေါ်သို့ပြန်လည် ပင့်ဆောင်
ခဲ့ကြောင်း သိ ရသည်။

“ထီးတော်မှာ တပ်ဆင်ထားတဲ့လက်ကောက်တစ်ကွင်းနဲ့ ကျောက်တစ်လုံး
ပြုတ်ကျလာတာနဲ့ ဘုရား ဂေါပကတွေက စစ်ဆေးကြည့်တော့ ထီးတော်
အဟောင်းက ယိုင်နေတာနဲ့ ဆရာတော့်ဆီ ခွင့်ပြုချက် တောင်းပြီး   ဖြုတ်
ရတာပါ”ဟု ဘော်ကြိုကျေးရွာရှိ ဘော်ကြိုဘုရားကြီးမှ ဂေါပကတစ်ဦးက
 ပြောသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဘော်ကြိုဘုရားကြီး၏ ထီးတော်ပျက်စီးနေ
မှုကို ရွာသူရွာသားများမှ စတင် သတိထားမိခဲ့ခြင်းဖြစ်ပြီး အလှူရှင်များနှင့်
ဂေါပကအဖွဲ့ဝင်များညှိနှိုင်း၍ ထီးတော်အသစ် လဲလှယ်တပ်ဆင်ရန် ဆုံးဖြတ်
ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ထီးတော်အဟောင်းက န.၀.တ အစိုးရတက်ပြီးတိုင်းမှုး ဗိုလ်ချုပ်
မောင်တင့်လက်ထက်မှာ လှူခဲ့တာပါ၊ ကုန်ကျစရိတ်လည်း အတိအကျ
မပြောပြနိုင်ပါဘူး၊ အခုထီးတော်နဲ့အတူ ဘုရားကြီးကို အကြီးစား ပြုပြင်
မွန်းမံမှုတွေ လုပ်သွားမှာပါ၊ ထီးတော်အသစ်ကိုတော့ လာမယ့် တပို့တွဲ
လပြည့်နေ့မှာ ပြန်လည် တပ်ဆင်မှာပါ” ဟု ဘော်ကြိုကျေးရွာဥက္ကဌ ဦးအောင်ခင်က ပြောသည်။

ဘုရားကြီး၏ ထီးတော်အသစ်အတွက် ကုန်ကျစရိတ်အား တစ်ဦးတည်း
အလှူရှင်ရှိသော်လည်း ရွာသူရွာသားများနှင့် ရပ်ဝေးရပ်နီးအလှူရှင်များ၏
ဆန္ဒအရ စုပေါင်းလှူဒါန်းမှုများဖြင့်သာ ပြုလုပ်သွားမည်ဟု ၄င်းက ဆက်ပြောသည်။

သမိုင်းဝင်ဘော်ကြိုဘုရားကြီးမှာ ရှေးဟောင်းသမိုင်းဝင်ဘုရားကြီးဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း တပေါင်း လပြည့်နေ့တွင် ဘုရားကြီးအားပူဇော်ပွဲကိုကျင်းပကာ ရှမ်းပြည်နယ်မြောက်ပိုင်း၏ ထင်ရှားသော ဘုရားပွဲတော်တစ်ခုဖြစ်ကြောင်း ရွာသူရွာသားများထံမှ သိရသည်။

ဘုရားကြီး၏ထီးတော်အဟောင်း မြေပေါ်သို့ပြန်လည်ပင့်ဆောင်သည့် အခမ်းအနားသို့ သီပေါမြို့နယ် မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများတက်ရောက်ကြပြီး လာမည့် တပေါင်းလပြည့် နေ့
(တပေါင်းပွဲတော်)အမှီ ဘုရားကြီးတွင်အကြီးစားပြုပြင်မှုများ ပြုလုပ်သွားမည်
ဖြစ်ကာ လှူဒါန်းငွေရရှိမှုအပေါ်မူတည်၍ကုန်ကျစရိတ်မှာ အပြောင်းအလဲ
ရှိနိုင်သောကြောင့် သတ်မှတ်၍ မရနိုင်သေးကြောင်း ဘုရားကြီးနှင့်
သက်ဆိုင်သော တာဝန်ရှိသူများထံမှ သိရသည်။

Myit Makha Mediagroup

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော် မြတ်ကြီး
၏ စိန်ဖူးတော်နှင့်ထီးတော်အား အသစ်ပြန်လည်ပူဇော်ရန်အတွက် ထီးတော်အဟောင်းအား ဇန်န၀ါရီလ ၁ရက်နေ့ နေ့လည် (၁)နာရီဝန်းကျင်က မြေပေါ်သို့ပြန်လည် ပင့်ဆောင်ခဲ့ကြောင်း သိ ရသည်။

“ထီးတော်မှာတပ်ဆင်ထားတဲ့လက်ကောက်တစ်ကွင်းနဲ့ ကျောက်တစ်လုံးပြုတ်ကျလာတာနဲ့ဘုရား ဂေါပက
တွေကစစ်ဆေးကြည့်တော့ ထီးတော်အဟောင်းကယိုင်နေတာနဲ့ ဆရာတော့်ဆီ ခွင့်ပြုချက် တောင်းပြီး ဖြုတ်
ရတာပါ”ဟု ဘော်ကြိုကျေးရွာရှိ ဘော်ကြိုဘုရားကြီးမှ ဂေါပကတစ်ဦးကပြောသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဘော်ကြိုဘုရားကြီး၏ ထီးတော်ပျက်စီးနေမှုကို ရွာသူရွာသားများမှစတင်
သတိထားမိခဲ့ခြင်းဖြစ်ပြီးအလှူရှင်များနှင့်ဂေါပကအဖွဲ့ဝင်များညှိနှိုင်း၍ထီးတော်အသစ်လဲလှယ်တပ်ဆင်ရန် 
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ထီးတော်အဟောင်းက န.၀.တ အစိုးရတက်ပြီးတိုင်းမှုးဗိုလ်ချုပ်မောင်တင့်လက်ထက်မှာလှူခဲ့တာပါ၊ကုန်ကျ
စရိတ်လည်း အတိအကျမပြောပြနိုင်ပါဘူး၊ အခုထီးတော်နဲ့အတူ ဘုရားကြီးကို အကြီးစား ပြုပြင်မွန်းမံမှုတွေ
 လုပ်သွားမှာပါ၊ ထီးတော်အသစ်ကိုတော့ လာမယ့် တပို့တွဲလပြည့်နေ့မှာ ပြန်လည် တပ်ဆင်မှာပါ” ဟု
 ဘော်ကြိုကျေးရွာဥက္ကဌ ဦးအောင်ခင်က ပြောသည်။

ဘုရားကြီး၏ ထီးတော်အသစ်အတွက် ကုန်ကျစရိတ်အား တစ်ဦးတည်းအလှူရှင်ရှိသော်လည်း ရွာသူရွာသား
များနှင့် ရပ်ဝေးရပ်နီးအလှူရှင်များ၏ဆန္ဒအရ စုပေါင်းလှူဒါန်းမှုများဖြင့်သာ ပြုလုပ်သွားမည်ဟု ၄င်းကဆက်
ပြောသည်။

သမိုင်းဝင်ဘော်ကြိုဘုရားကြီးမှာ ရှေးဟောင်းသမိုင်းဝင်ဘုရားကြီးဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းတပေါင်းလပြည့်နေ့တွင်
 ဘုရားကြီးအားပူဇော်ပွဲကိုကျင်းပကာ ရှမ်းပြည်နယ်မြောက်ပိုင်း၏ ထင်ရှားသော ဘုရားပွဲတော်တစ်ခုဖြစ်
ကြောင်း ရွာသူရွာသားများထံမှ သိရသည်။

ဘုရားကြီး၏ထီးတော်အဟောင်း မြေပေါ်သို့ပြန်လည်ပင့်ဆောင်သည့် အခမ်းအနားသို့ သီပေါမြို့နယ် မှ ဌာန
ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများတက်ရောက်ကြပြီး လာမည့် တပေါင်းလပြည့် နေ့
(တပေါင်းပွဲတော်)အမှီ ဘုရားကြီးတွင်အကြီးစားပြုပြင်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ လှူဒါန်းငွေရရှိမှုအပေါ်
မူတည်၍ကုန်ကျစရိတ်မှာ အပြောင်းအလဲရှိနိုင်သောကြောင့် သတ်မှတ်၍ မရနိုင်သေးကြောင်းဘုရားကြီးနှင့်
သက်ဆိုင်သော တာဝန်ရှိသူများထံမှ သိရသည်။

Myit Makha Mediagroup

No comments:

Post a Comment