Pages

Tuesday, January 22, 2013

ဘ ကုန်းတွေ အလှည့်ရောက်ပြီ


မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေး လုပ်လာတဲ့အထဲက တခုကတော့ ယာဉ်အို ယာဉ်ဟောင်းတွေကို အစိုးရက သိမ်းဆည်းပြီး ယာဉ်သစ် အစားထိုး တင်သွင်းခွင့်ဆောင်ရွက်ပေးနေရာမှာ အခုတော့ ( ဘ) အက္ခရာ ကားတွေအလှည့်ရောက်လာပါပြီ။ 


 ဓာတ်ပုံ- wfuv.org

ဇန်န၀ါရီလ ၁၆ ရက်နေ့က စတင်ပြီး မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ၀န်ကြီးဌာနက (ဘ) အက္ခရာ ယာဉ်တွေကို လက်ခံနေပြီလို့ ယနေ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ယာဉ်သက်တမ်း နှစ်ပေါင်း ၄၀ ကျော် ရှိတဲ့ ( စ၊ ဆ၊ ဇ) အက္ခရာ ယာဉ်အိုတွေကို ပထမအဆင့် ယာဉ်အို၊ ယာဉ်ဟောင်း ဖျက်သိမ်းပြီး အစားထိုး စီမံချက်ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယ အဆင့် စီမံချက် ( ဏ၊ ထ၊ ဒ၊ ဓ၊ န၊ ပ၊ ဗ) အက္ခရာတွေကို ဆောင်ရွက်ခဲ့ရာမှာ ယာဉ်ဟောင်း ၇၀၉၉၉ စီး ရှိခဲ့ပါတယ်တဲ့။ 

မာဇဒါ အုပ်စုဝင်ထဲက ပြန်လည်မှတ်ပုံတင်ယာဉ်ပေါင်း ၃၉၇၂ စီး အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ကုန်းတွေ အလှည့်ရောက်လာတာဖြစ်ပါကြောင်း။

အခုလိုယာဉ်အို၊ ယာဉ်ဟောင်းတွေသိမ်းဆည်းပြီး အစားထိုး တင်သွင်းခွင့်ပါမစ်တွေ အများသူငါကို ချပေး လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ကားဈေးဟာ ယခင်ကနဲ့ မတူတော့ဘဲ အတော်ထိုးဆင်းလာခဲ့ပြီး အများသူ ငါ ကားဝယ်စီးနိုင်တဲ့ အခြေကို ဆိုက်လာနေပါတယ်။
ဧရာဝတီblog

No comments:

Post a Comment