Pages

Friday, January 18, 2013

အယ်လ်ဂျီးယားစစ်တပ်က သူပုန်တို့ အပိုင်စီးထားခဲ့သည့် အေမန်နက်စ် ဓာတ်ငွေ့စက်ရုံကို ပြန်လည်သိမ်းပိုက်

 Photo: Algeria Hostage Update (10:30 PM)
အယ်လ်ဂျီးယားစစ်တပ်က သူပုန်တို့ အပိုင်စီးထားခဲ့သည့် အေမန်နက်စ် ဓာတ်ငွေ့စက်ရုံကို အပြည့်အဝ ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်သည်။ စစ်တပ်၏ ဝင်ရောက်စီးနင်းမှုအတွင်း အယ်လ်ဂျီးရီးယား စက်ရုံအလုပ်သမား ၆၀၀ ခန့်ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

Algeria Hostage Update (10:00 PM)
အယ်လ်ဂျီးရီးယားတွင် သူပုန်များ အပိုင်းစီးထားသည့် အေမန်နက်စ် ဓာတ်ငွေ့စက်ရုံကို အယ်လ်ဂျီးယာစစ်တပ်က စီးနင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဓားစားခံ ၃၅ ဦးနှင့် သူပုန်အဖွဲ့ဝင် ၁၅ ဦးသေဆုံးသွားကြောင်း သတင်းထွက်ပေါ်လာသည်။ 

အဆိုပါ သတင်းမှာ Mauritanian သတင်းဌာနမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး နိုင်ငံခြားသားများ အပါအဝင် ဖမ်းဆီးခံထားရသည် ဓားစာခံ ၅၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။ အယ်လ်ဂျီးရီးယားစစ်တပ်က ရဟတ်ယာဉ်များပါ အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသည့် နိုင်ငံခြားသားများတွင် ဗြိတိန်လူမျိုးနှစ်ဦး၊ ကင်ညာနှင့် ပြင်သစ်လူမျိုး ဓားစာခံတစ်ဦးတို့ ပါဝင်ကြောင်း အယ်လ်ဂျီးရီးယား သတင်းဌာန APS က ပြောကြားသည်။

Algeria Hostage Update (5:00 PM)
အယ်လ်ဂျီးရီးယားနိုင်ငံ သဲကန္တာရအတွင်းရှိ အေမန်နက်စ် ဓာတ်ငွေ့စက်ရုံတွင် သူပုန်များ၏ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများအနက် အယ်လ်ဂျီးရီးယား အလုပ်သမား ၃၀ မှာ ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။

အယ်လ်ကေဒါအဖွဲ့နှင့် ဆက်စပ်မှုရှိသည့် သူပုန်များက အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံသားများ အပါအဝင် ဓားစားခံ ၄၁ ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားထားသည်။

Algeria Hostage Update (1:00 PM)
အယ်လ်ဂျီးရီးယားနိုင်ငံရှိ ဓာတ်ငွေ့စက်ရုံအား ဝင်ရောက်တိုက်ခိုက်ကာ နိုင်ငံခြားသား ၄၁ ဦးကို ဓားစားခံအဖြစ် ဖမ်ဆီးထားသည့် သူပုန်အဖွဲ့အား အယ်လ်ဂျီးရီးယားတပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း သိရသည်။

အေမန်နက်စ် ဓာတ်ငွေ့စက်ရုံအား သူပုန်များက ဝင်ရောက်တိုက်ခိုက် ဗြိတိန်နိုင်ငံသားတစ်ဦးနှင့် အယ်လ်ဂျီးယားတစ်ဦးသေဆုံးပြီး အခြား လူ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခုအခါ အေမန်နက်စ် ဓာတ်ငွေ့စက်ရုံအား အယ်လ်ဂျီးရီးယား တပ်ဖွဲ့များက ဝိုင်းထားလိုက်ပြီဖြစ်သည်။

ဓာတ်ငွေ့စက်ရုံအား ဝင်ရောက်တိုက်ခိုက်သည့် အုပ်စုမှာ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့က ကျောထောက်နောက်ခံပြုထားသည့် မာလီနိုင်ငံမှ အစ္စလာမ်မစ်သူပုန်များနှင့် အဆက်အသွယ်ရှိကြောင်း သိရသည်။

ယခင်သတင်း http://www.planet.com.mm/news/read.cfm/id/20749
 
Algeria Hostage Update (10:30 PM)

Planet Myanmar Network

No comments:

Post a Comment