Pages

Wednesday, January 2, 2013

အင်းလေးကန်ဒေသတွင် ဓာတ်တုဗေဒပစ္စည်း သုံးစွဲမှုလျော့ချရေး ပြုလုပ်ရာတွင် အချိန်နှောင့်နှေးနေ

ဇန်န၀ါရီလ ၂ ။
Photo: အင်းလေးကန်ဒေသတွင် ဓာတ်တုဗေဒပစ္စည်း သုံးစွဲမှုလျော့ချရေး
ပြုလုပ်ရာတွင် အချိန်နှောင့်နှေးနေ

ရန်ကုန်၊ ဇန်န၀ါရီလ ၁ ။

အင်းလေကန်တွင် ဓာတုဗေဒသုံးစွဲမှုလျော့ချရေးအတွက် NGO အဖွဲ့စည်း များနှင့် အခြားလူမှု အဖွဲ့စည်းများက အသိပညာပေးဆွေးနွေးနေသော်လည်း ဓာတုပစ္စည်းသုံးစွဲမှု လျော့ချရန် အချိန်နှောင့်နှေးကြောင်း အင်းသူအင်းသား များထံမှ သိရသည်။ 

အင်းသူအင်းသားများသည် ခရမ်းချဉ်သီးစိုက်ပျိုးသူများ အများအပြားရှိပြီး ဓာတ်တုဗေဒ ပစ္စည်းသုံးစွဲမှုသည် မိမိတို့ အင်းဒေသအတွက် သဘာဝ ပတ် ၀န်းကျင် ထိခိုက်မှုဖြစ်ကြောင်း သိရှိသော်လဲ စားဝတ်နေရေးအတွက် ဓာတု
ဗေဒပစ္စည်းများကို သုံးစွဲနေကြောင်း အင်းလေးအထူး ဒေသ ဖွံ့ဖြိုးတိုးတက်
ရေးအဖွဲ့မှ ကိုရေအေးက ပြောကြားသည်။

“ကျတော်တို့ အင်းသူအင်းသားတွေက ခရမ်းချဉ်သီး စိုက်စားတဲ့သူတွေ များကြတယ်။ သြဂင်းနစ်နဲ့ စိုက်မယ်ဆိုရင် အပင်တစ်ပင်ကို ၆ ခါလောက်ပဲ 
ခူးပြီး ရောင်းမယ်ဆိုရင် ဓာတုပစ္စည်း ပိုးသတ်ဆေးတွေဖျန်း မြေသြဇာတွေနဲ့ စိုက်မယ်ဆိုရင် အပင်တစ်ပင်ကို ၁၀ ခူးလို့ရတယ် အင်းသူအင်းသား တွေက စိုက်ပျိုးရေးကို အခြေခံပြီးစားသောက်တဲ့ သူတွေများတဲ့အတွက် စားဝတ်
နေရေးကြောင့် ဓာတုဗေဒပစ္စည်းကို သုံးစွဲနေရပါတယ်”ဟု အင်းလေးကန် အထူးဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကိုရေအေးက ပြောကြားသည်။

ဓာတ်တုဗေဒ ပစ္စည်းသုံးစွဲမှုလျော့ချရေးကို အောင်မြင်စေရန် အချိန်ကာလ တခုစောင့်ဆိုင်းရမည်ဖြစ်ကြောင်း အင်းသူအင်းသားများက ဆိုသည်။

“အင်းသူအင်သားတွေက စိုက်ပျိုးရေးနဲ့ အသက်မွေးတဲ့သူတွေများတယ်။ ပြီးတော့မြေသြဇာတမျိုးထဲသုံးရမယ်ဆိုလဲ အခက်အများကြီး ရှိတယ်။
မြေသြဇာတွေက ဈေးကြီးတယ်။ ဒါကြောင့်တောင်သူတွေက သဘာဝပတ် ၀န်းကျင်ကို ထိခိုက်တာ သိပေမယ့်လဲ ကုန်ကျစရိတ်ကို မတက်နိုင်တဲ့ အတွက် ပိုးသတ်ဆေးတွေ တခြားဟာတွေလဲ သုံးရတယ်”ဟု အင်းသူ အင်းသားတစ်ဦးဖြစ်သူ ကိုဇော်လွင်က ပြောဆိုသည်။

အင်းသူအင်းသားများနှင့် ကုန်သည်ပွဲစားများ အမြတ်မရှိဘဲ အရှုံးပေါ်နေ
ခြင်းကြောင့် ယခုလာမည့် ၂၀၁၃ ခုနှစ်တွင် ဓာတ်မြေသြဇာများ ပိုမို
ဈေးတက်နိုင်ဖွယ်ရှိကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

ရှုမဝအောင်

The Myanma Age

No comments:

Post a Comment