Pages

Thursday, January 17, 2013

“ကြံ့များရှေ့ အမှတ်တရဓာတ်ပုံရိုက်သည့် အမျိုးသမီး ကြံ့ဝှေ့ခံရ”

Photo: “ကြံ့များရှေ့ အမှတ်တရဓာတ်ပုံရိုက်သည့် အမျိုးသမီး ကြံ့ဝှေ့ခံရ”

ကြံ့ကြီးများ ရှေ့တွင် အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့သူ အမျိုးသမီး တစ်ဦး ကြံ့က ဝင်ဝှေ့သဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ကြောင်း သိရှိရသည်။ တောင်အာဖရိက နိုင်ငံတွင် သဘာဝ သားရိုင်း ဥယျာဉ် တစ်ခုသို့ သွားရောက်ခဲ့သည့် ချန်တယ်လ် ဘေယာသည် ဒေသခံ သားရိုင်း တိရစ္ဆာန် စောင့်ရှောက်သူ၏ အကြံပြုချက်အတိုင်း ကြံ့ကြီးများနှင့် နီးနီးကပ်ကပ် သွားရောက်ပြီး ဓာတ်ပုံ အရိုက်ခံခဲ့သည်။ 

သူမသည် ဆာဖာရီ ဥယျာဉ်အတွင်း လှည့်လည် မောင်းနှင်သည့် ယာဉ်အတွင်းမှ အပြင်ထွက်ကာ ဓာတ်ပုံ အရိုက်ခံခဲ့သည့်နောက် အဆိုပါ အမှတ်တရ ဓာတ်ပုံကို ကောင်းမွန်စွာ ရရှိခဲ့သော်လည်း နောက်ဆက်တွဲ ဖြစ်ရပ်ကြောင့် ဆေးရုံပါ ရောက်သွားရရှာခြင်း ဖြစ်သည်။ Bull Rhino အမျိုးအစား ကြံ့နက်ကြီးသည် အဆိုပါ ဓာတ်ပုံကို ရိုက်ကူးပြီး စက္ကန့်ပိုင်းအတွင်း ချန်တယ်လ်ကို အရှိန်နှင့် ဝှေ့ပစ်လိုက်ခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/20751

Planet Myanmar Network

No comments:

Post a Comment