Pages

Wednesday, January 9, 2013

မြေပုံမြို့မှ ဘင်္ဂါလီများ လူမျိုးအမည် အမျိုးမျိုး ခံယူမှုများရှိနေသည်ဟုဆို


Photo: COPYRIGHT, 2009 
 မြေပုံမြို့ရှိဘင်္ဂါလီများအား ၁၉၈၂-ဥပဒေအရ စစ်ဆေးမှုများပြုလုပ်လျှက်ရှိရာ လူမျိုးနေရာတွင်အမည်
အမျိုးမျိုးခံယူလျက်ရှိနေ ကြောင်းသိရသည်။
ဘင်္ဂါလီများအားဇန်၀၀ါရီ(၅)ရက်နေ့မှ တင်ကာစစ်ဆေး နေခြင်းဖြစ်ပြီး(၁)နိုင်ငံခြားသား(၂)ဧည့်နိုင်သား (၃)နိုင်ငံသားပြုခွင့်ရသူ(၄)နိုင်ငံသားဟူသောပုံစံ(၄)မျိုးဖြင့်စစ်ဆေးလျှက်ရှိသည်။စစ်ဆေးရေးအဖွဲ့တွင် သက်
ဆိုင်ရာလ.၀.က များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရခိုင်ရပ်မိရပ်ဖ များပါဝင်သော အဖွဲ့(၆)ဖွဲ့ ခွဲကာ စစ်ဆေးလျှက်ရှိသည်။
ဇန်န၀ါရီ(၄-၆-၇)စစ်ဆေးများအရ ဘင်္ဂါလီများအနေနှင့် လူမျိုးနေရာတွင်ငွေကြေးရှိသူနှင့် ၀န်ထမ်းများ ကကမန်၊ အချို့က ရိုဟင်ဂျာ၊ အချို့က ဘင်္ဂါလီ၊ အချို့က အမည်မဲ့အဖြစ် စာရင်းပေး သွင်းနေကြကြောင်း၊ မွေးဖွာရာဒေသနှင့် ဘိုးဘွားစဉ်ဆက် စာရင်းကိုပေးရာတွင်လည်း မြေပုံမြို့နယ် အတွင်း ၁၉၄၂-ခုနှစ် နောက်ပိုင်းက ရှိခဲ့သောကျေးရွာ အချို့၏ အမည်များကိုပေးသွင်းနေကြောင်း၊အချို့ ပေါက်တော၊
ဘူးသီးတောင်၊ မောင်းတောဒေသများမှအခြေချလာသူများပင်မြေပုံနယ်ပေါက်ဖွား အဖြစ်စာရင်း ပေးသွင်း
နေကြောင်း၊  စစ်ဆေးမှုလုပ်ငန်းမှာလည်း စာရင်းအသစ် ကောက်ယူနေခြင်းနှင့် သာ တူနေကြောင်ဖြင့် စစ်ဆေးရေးအဖွဲ့ တွင်ပါဝင်သော ဒေသခံရပ်မိ၊ရပ်ဖများ၏ပြောကြားချက်အရ သိရှိရသည်။
မူလဘင်္ဂါလီကနေ ကမန်(သို့မဟုတ်) ရိုဟင်ဂျာ ဟု၎င်း၊ မြေပုံမြို့နယ်ပေါက်ဖွားဟု၎င်းစာရင်းဖြစ်ပေါ်ရန် ကြိုးကိုင် စည်ရုံးသူမှာ ဘင်္ဂါလီ ရွှေလှဖြစ်ကြောင်းသိရသည်။ ဘင်္ဂါလီရွှေလှမှာ မင်းပြားမြို့နယ် ခြိတ်တောင်
ဇာတဖြစ်ပြီး ပညာရေးဌာနတွင် အမှုထမ်းခဲ့သူဖြစ်သည်။
ဘင်္ဂါလီရွှေလှသည်(၁၉၄၀)ခုဖွားဖြစ်သော်လည်း(၂၀၀၀)ပြည့်နှစ်တွင် အငြိမ်းစားမယူပဲ(၁၉၄၀)ခုကို(၁၉၄၃)
 ဟုလိမ်လည် ပြင်ဆင်ကာ(၂၀၀၁)ခနှစ် သြဂုတ်လအထိနိုင်ငံတော်လစာငွေကိုလိမ်လည် ထုက်စားခဲ့သူဖြစ်သည်။အောက်ဖေါ်ပြပါ ဘင်္ဂါလီရွှေလှ၏ (၁၉၈၀)ခုနှစ် ကိုယ်တိုင်ရေး ကိုယ်ရေးမှတ်တမ်း
အရဘင်္ဂါလီတစ်ဦး၊ နိုင်ငံခြားသားတစ်ဦးဖြစ်သော်လည်း ယခု စစ်ဆေးမှုတွင်ကမန်တိုင်းရင်းသားအဖြစ်
အမည် စာရင်းပေးထားပြီး နိုင်ငံသားကပ်လည်း ရထားကြောင်းသိရရသည်။ အခြားဝန်ထမ်းကုလား အချို့မှာ မူလက ဘင်္ဂါလီဖြစ်သော်လည်း ယခုကမန်အဖြစ်ပြောင်းလဲကာ နိုင်ငံသားကပ်ရရှိထားသူများဖြစ်ကြောင်း
စစ်ဆေးရေးအဖွဲ့တွင်ပါဝင်သူတစ်ဦးမှ ပြောကြားသည်။မြေပုံမြို့ရှိဘင်္ဂါလီများထဲတွင်အနယ်နယ် အရပ်ရပ်က 
တရားမ၀င် ပြောင်းရွှေ့လာ သူတို့လည်း အများအပြားရှိနေ ကြောင်းအချို့ဘင်္ဂါလီများကိုယ်တိုင် စာရင်းပေးချက် အရ သိရှိရပါသည်။
လက်ရှိအနေအထားသည်ဘင်္ဂလီများအား စစ်ဆေးနေခြင်းသာဖြစ်ပြီး  နိုင်ငံသားဖြစ်ခွင့်မဖြစ်ခွင့်ကို နိုင်ငံ
 တော်အဆင့်မှ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ ဖြစ်ချင်တိုင်းဖြစ်ခွင့်မရနိုင်ကြောင်းနှင့် အစိုးရ၏လုပ်ရပ် အား ဘင်္ဂလီများက နှောက်ယှက်နေခြင်းသာဖြစ်ကြောင်းလည်း သိရသည်။ ထိုသို့နှောက်ယှက်ရန်အတွက် လည်း တစ်ချို့သောဘင်္ဂလီအဖွဲ့အစည်းများက တွန်းအားပေးနေကြောင်းလည်း ပေါက်တောမြို့နယ် ရှိ ကြယ်နီပြင်ကျေးရွာမှာ အဒူလာဇိတ်က ပြောပါသည်။ 
Rakhine Straight Views


No comments:

Post a Comment