ငွေရေးကြေးရေး အခက်အခဲကြောင့် ထုတ်ဝေရေး ခေတ္တရပ်နားထားသော သံလွင်တိုင်းဂျာနယ်ကို လာမည့် ဇန်နာဝါရီလ ၁၀ ရက်နေ့တွင် ယခင်ပုံမှန်အတိုင်း
ဆက်လက်ထုတ်ဝေးသွာမည် ဖြစ်ပြီး အခြေအနေပေးပါက မွန်တိုင်းရင်းသားဘာ
အချပ်ပိုကိုလည်း ထုတ်ဝေသွားမည်ဟု အယ်ဒီတာအဖွဲ့ဝင် ကိုမင်းမင်းနွယ်က
ပြောသည်။ ကိုမင်းမင်းနွယ်က “ဒီလ ၁၀ ရက်နေ့ဆို အရင်ပုံမှန်အတိုင်း ပြန်ပြီး
ထုတ်သွားမယ်၊ လက်ရှိရေးသား နေတာက တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်
ဒေသရှိ သတင်းတွေကို ရေးသားနေတယ်ဆိုတော့ စာဖတ် ပရိဿတ်တွေဆီက အဓိက
မွန်ဘာသာကိုပါ ထုတ်ဝေပေးဖို့ တောင်းဆိုလာကြတယ်၊ သံလွင်တိုင်းဂျာနယ်
ဆက်မထုတ်နိုင်လို့ တစ်ခါတည်း ရပ်နားသွားမှာကို စာဖတ်သူတွေက
စိုးရိမ်နေကြတယ်” ဟု ၎င်းကပြောသည်။
သံလွင်တိုင်းမ်ဂျာနယ်သည် အဓိက အခြေစိုက်ရေးသားနေသည့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဖြစ်ပြီး ဒေသသတင်းအတွက် တိုင်းရင်းသာဘာသာဖြင့် ဖတ်ရှုနိုင်ရန် တိုင်းရင်းသားဘာသာထုတ်ဝေးရေးကိုလည်း စီစဉ်သွားမည်ဟု ၎င်းက ပြောသည်။
(မွန်အေဂျင်စီ သတင်း၊ ဇန်န၀ါရီ ၈ ရက်၊ ၂၀၁၃ ခုနှစ်)

RFA
No comments:
Post a Comment