မကွေးတိုင်းဒေသကြီး မကွေး ခရိုင်မြို့သစ်မြို့နယ်တွင် တောဆင်
ရိုင်းများက ဒေသအတွင်းရှိစိုက် ပျိုးပြီး သီးနှံခင်းများကို ဖျက် ဆီးနေပြီး
ဒေသခံများကိုပါ အသက်
ဆုံးရှုံးသည်အထိသတ်ဖြတ်လာ သဖြင့် ဒေသခံပြည်သူအချို့စိုးရိမ်
မကင်းဖြစ်ပွားနေကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ
ရေးဦးစီးမှူးဦးကျော်မြင့်က (၁၆. ၁.၂၀၁၃)ရက် နံနက်တွင်
သတင်းထောက်များကိုပြောပြပါ သည်။ အဆိုပါတောဆင်ရိုင်းများ မှာ လွန်ခဲ့သော
၂၀၁၂ခုနှစ် နှစ် ၀က်ခန့်က မြို့သစ်မြို့နယ်အတွင်း သို့ရောက်ရှိလာပြီး
တောင်သူ အချို့၏သီးနှံခင်းများကို ဖျက်ဆီး ခဲ့ကြောင်း၊
ထို့ပြင်လွန်ခဲ့သည့် (၃၁.၁၂.၂၀၁၂)ရက် မွန်းလွဲ (၂)နာရီအချိန်က
မြို့သစ်ရဲစခန်း ၏ အရှေ့မြောက်ဘက်မိုင် ၃၀ခန့် အကွာ အိုင်မကျေးရွာအုပ်စု
နဂျီ တဲတိုက်နေ ဦးတင်မြင့်၏သမီး မသန္တာဦးကိုတောဆင်ရိုင်းတစ် ကောင်က
နင်းသတ်ခဲ့ကြောင်း၊ ရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၃ဖြင့်
ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ပြင် လွန်ခဲ့သော ၆လခန့်က မြို့သစ်
မြို့သစ်တောဦးစီးဌာနမှူးဦးအောင် မျိုးမြတ်ကို တောဆင်ရိုင်းများ
ဖမ်းဆီးပေးရန် မြို့နယ်ပြန်ဆက် ဦးစီးမှူးက အကူအညီတောင်းခံ
ပြောကြားခဲ့ကြောင်း။
၎င်းတောဆင်ရိုင်းများမှာ မြို့သစ်မြို့နယ်အတွင်းသို့ ကျင်လည် ကျက်စားနေသည်မှာ ၇လကျော် ခန့်ရှိပြီး တောဆင်ရိုင်းများမှာ အုပ်စုကွဲကျက်စားနေကြောင်း၊ တောဆင်ရိုင်းပေါက် ၂ကောင်၊ တောဆင်ရိုင်းအကြီး ၃ကောင် တစ်အုပ်၊တောဆင်ရိုင်းအကြီး ၅ ကောင်က တစ်အုပ်အုပ်စုခွဲသောင်း ကျန်းနေပြီး သက်တမ်းအကြီးဆုံး တောဆင်ဟိုင်းမှာ အသက် ၁၅နှစ် ခန့်ရှိနိုင်ကြောင်း၊ခန့်မှန်းတောဆင် ရိုင်းအကောင်ရေ ၁၅ကောင်ခန့် ရှိမည်ဟုသိရကြောင်း၊ လာမည့် နွေကာလများတွင် ဆင်မိတ်လိုက် ချိန်ရောက်ပါကဆင်မုန်ယိုခြင်းများဖြစ်ပေါ်ပြီးဒေသခံပြည်သူများကို ပိုမိုအန္တရာယ်ပြုလာနိုင်သဖြင့် တောဆင်

ရိုင်းများကို သက်ဆိုင်
ရာကအမြန်ဆုံးဖမ်းဆီးထိန်းသိမ်း ပေးရန် ဒေသခံများက လိုလားနေ ကြောင်း
စုံစမ်းသိရှိရသည်။
ဧရာဝတီ
No comments:
Post a Comment