Pages

Monday, January 14, 2013

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး မီးလောင်မှု၁၂၁၉ကြိမ် ဖြစ်ပွားခဲ့ ပြီး မီးဖိုမီးအပါအ၀င် ပေါ့ဆ၍ လောင်သောမီးမှာမူ အများဆုံးဖြစ်

Photo: ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး မီးလောင်မှု၁၂၁၉ကြိမ် ဖြစ်ပွားခဲ့
ပြီး မီးဖိုမီးအပါအ၀င် ပေါ့ဆ၍ လောင်သောမီးမှာမူ အများဆုံးဖြစ်

14.1.2013

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၂၁၉ ကြိမ်
 ဖြစ်ပွားခဲ့ပြီး မီးဖိုမီးအပါအ၀င် ပေါ့ဆမီး ၇၉၅ ကြိမ် ပါဝင်နေကြောင်းမီးသတ်
ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုများကြောင့် အိမ်ခြေအဆောက်အအုံ ၁၅၇၆၅ လုံး၊ ဂိုဒေါင် ၁၁ လုံး၊ စက်ရုံ/အလုပ်ရုံ ရှစ်ရုံ ဆုံးရှုံးခဲ့ပြီး ၁၈၄ ဦး သေဆုံးကာ ၇၄၉၄၇ ဦး မီးဘေးဒုက္ခရောက်ခဲ့ပြီး တန်ဖိုး ၁၀ရ၀၁ ဒသမ ၁၈ သန်းကျော်
ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု ၁၂၁၉ ကြိမ်တွင် မီးဖိုမီးအပါအ၀င် ပေါ့
ဆမီး ၇၉၅ ကြိမ်၊ အလိုအလျောက် လောင်သောမီး ၄၆၇ ကြိမ်၊ လျှပ်စစ်
ကြောင့် လောင်သောမီး  ၁၉ ကြိမ်၊ မသမာရှို့မီးမှာ ၁၆၀ကြိမ်၊ တောမီးအကြိမ်
 ၂၀ ပါဝင်နေကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း လအလိုက် မီးလောင်ကျွမ်းမှုများမှာ ဇန်န၀ါရီတွင်(၁၂၃)
 ကြိမ်၊ ဖေဖေါ်ဝါရီတွင် (၁၇၂) ကြိမ်၊ မတ်တွင် (၁၆၉) ကြိမ်၊ ဧပြီလတွင် (၁၀၂) ကြိမ်၊ မေလတွင် (၉၄) ကြိမ်၊ ဇွန်လတွင် (၁၀၁) ကြိမ်၊ ဇူလိုင်လတွင် (၄၁) ကြိမ်၊ သြဂုတ်လတွင် (၅၅) ကြိမ်၊ စက်တင်ဘာလတွင် (၄၈) ကြိမ်နှင့်
 အောက်တိုဘာလတွင် (၁၀၆) ကြိမ်၊ နိုဝင်ဘာလတွင် (၁၀၂) ကြိမ်၊ ဒီဇင်
ဘာလတွင် (၁၀၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု အကြိမ်အရေအတွက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၉၈ ကြိမ်နှင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် ၁၆၃ ကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ဒုတိယအများဆုံး၊ ရခိုင်ပြည်နယ်တွင် ၁၅၈ ကြိမ်ဖြင့် တတိယအများဆုံး ဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ်သည် ၂၀၁၂ ခုနှစ် တစ်နှစ်လုံး မီးလောင်မှု ငါးကြိမ်သာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်တစ်နှစ်တာကာလ မီးလောင်ကျွမ်းမှုများသည် ၂၀၁၁ မီးလောင်
ကျွမ်းမှုများထက် ၂၉၆ ကြိမ်ပိုပြီး မီးဖိုမီးအပါအ၀င် ပေါ့ဆမီးမှာလည်း ၁၄၅
ကြိမ်ပိုလာကြောင်း တွေ့ရသည်။ထိုသို့မီးလောင်မှုများကြောင့် သေဆုံးသူဦး
ရေမှာလည်း ၂၀၁၁ ခုနှစ်ထက် ၁၂၃ဦးပိုမိုသေဆုံးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးမှာ
လည်း ၈၈၀၂ ဒသမ ၅၃ သန်းကျော်ခန့် ပိုမိုလာကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က မီလောင်မှု၉၂၃ကြိမ်ဖြစ်ပွားခဲ့ပြီးအိမ်ခြေအဆောက်
အအုံ ၃၄၀၇ လုံး၊ ဂိုဒေါင် ၂၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ၆၁ ဦး သေဆုံးကာ သန်း ၁၈၀၀ ကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
eleven media group
မတ်လ ၂၆ ရက်နေ့ သီလ၀ါဆိပ်ကမ်း မီးလောင်မှုအား တွေ့ရစဉ်
မတ်လ ၂၆ ရက်နေ့ သီလ၀ါဆိပ်ကမ်း မီးလောင်မှုအား တွေ့ရစဉ်
၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၂၁၉ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးဖိုမီးအပါအ၀င် ပေါ့ဆမီး 
၇၉၅ ကြိမ် ပါဝင်နေကြောင်းမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုများကြောင့် အိမ်ခြေအဆောက်အအုံ ၁၅၇၆၅ လုံး၊ ဂိုဒေါင် ၁၁ လုံး၊ စက်ရုံ/အလုပ်ရုံ ရှစ်ရုံ ဆုံးရှုံးခဲ့ပြီး ၁၈၄ ဦး သေဆုံးကာ ၇၄၉၄၇ ဦး မီးဘေးဒုက္ခရောက်ခဲ့ပြီး တန်ဖိုး ၁၀ရ၀၁ ဒသမ ၁၈ သန်းကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု ၁၂၁၉ ကြိမ်တွင် မီးဖိုမီးအပါအ၀င် ပေါ့ဆမီး ၇၉၅ ကြိမ်၊ အလိုအလျောက်
 လောင်သောမီး ၄၆၇ ကြိမ်၊ လျှပ်စစ်ကြောင့် လောင်သောမီး ၁၉ ကြိမ်၊ မသမာရှို့မီးမှာ ၁၆၀ကြိမ်၊ တောမီးအကြိမ်
၂၀ ပါဝင်နေကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း လအလိုက် မီးလောင်ကျွမ်းမှုများမှာ ဇန်န၀ါရီတွင်(၁၂၃)ကြိမ်၊ ဖေဖေါ်ဝါရီတွင် (၁၇၂) ကြိမ်၊
 မတ်တွင် (၁၆၉) ကြိမ်၊ ဧပြီလတွင် (၁၀၂) ကြိမ်၊ မေလတွင် (၉၄) ကြိမ်၊ ဇွန်လတွင် (၁၀၁) ကြိမ်၊ ဇူလိုင်လတွင် (၄၁) ကြိမ်၊ သြဂုတ်လတွင် (၅၅) ကြိမ်၊ စက်တင်ဘာလတွင် (၄၈) ကြိမ်နှင့်အောက်တိုဘာလတွင် (၁၀၆) ကြိမ်၊
 နိုဝင်ဘာလတွင် (၁၀၂) ကြိမ်၊ ဒီဇင်ဘာလတွင် (၁၀၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု အကြိမ်အရေအတွက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၉၈ ကြိမ်နှင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် ၁၆၃ ကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ဒုတိယအများဆုံး၊ ရခိုင်ပြည်နယ်တွင် ၁၅၈ ကြိမ်ဖြင့် တတိယအများဆုံး ဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ်သည် ၂၀၁၂ ခုနှစ် တစ်နှစ်လုံး မီးလောင်မှု ငါးကြိမ်သာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်တစ်နှစ်တာကာလ မီးလောင်ကျွမ်းမှုများသည် ၂၀၁၁ မီးလောင်ကျွမ်းမှုများထက် ၂၉၆ ကြိမ်ပိုပြီး
မီးဖိုမီးအပါအ၀င် ပေါ့ဆမီးမှာလည်း ၁၄၅ကြိမ်ပိုလာကြောင်း တွေ့ရသည်။ထိုသို့မီးလောင်မှုများကြောင့် သေဆုံး
သူဦးရေမှာလည်း ၂၀၁၁ ခုနှစ်ထက် ၁၂၃ဦးပိုမိုသေဆုံးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးမှာလည်း ၈၈၀၂ ဒသမ ၅၃ သန်းကျော်ခန့် ပိုမိုလာကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က မီလောင်မှု၉၂၃ကြိမ်ဖြစ်ပွားခဲ့ပြီးအိမ်ခြေအဆောက်အအုံ ၃၄၀၇ လုံး၊ ဂိုဒေါင် ၂၅ လုံး
 မီးလောင်ဆုံးရှုံးခဲ့ပြီး ၆၁ ဦး သေဆုံးကာ သန်း ၁၈၀၀ ကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
eleven media group

No comments:

Post a Comment