Pages

Saturday, January 5, 2013

တစ်ပြည်လုံးငြိမ်းချမ်းစေရန် ရွှေတိဂုံအလယ်ပစ္စယံ၌ မေတ္တာပို့ဆုတောင်းပွဲကျင်းပ



ဇန်န၀ါရီ(၅)



 မကွေးကျောင်းတိုက်ဆရာတော် အရှင်ဘဒ္ဒန္တ (ပါမောက္ခ) ဦးဆောင်သော သံဃာတော်အပါး ခြောက်ဆယ်ငါးပါးနှင့် ပြည်သူ (၄၀)၀န်း ကျင်က ရွှေတိဂုံဘုရားအလယ်ပစ္စယံတွင် ပရိတ်ရွတ်မေတ္တာပို့ ဆုတောင်းပွဲတစ်ရပ်အား (၆၅)ကြိမ် မြောက် လွတ်လပ်ရေးနေ့ ဇန်န၀ါရီလ (၄)ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်က ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ ဆုတောင်းမေတ္တာပို့ရခြင်းမှာ မြန်မာတစ်ပြည်လုံးရှိ ပြည်သူအားလုံး ဘေးအန္တရယ် ကင်းရှင်း စေရန်နှင့် ဠင်းတ နားခြင်းကို အကြောင်းပြု၍ နိမိတ်ဆိုးများ ကျရောက်လာ နိုင်သည့်အတွက် ကျေးဇူး ဆပ်သည့်အနေဖြင့် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဆရာတော်ထံမှ သိရသည်။

“တစ်တိုင်းပြည်လုံးမှာရှိတဲ့ ဒကာ၊ ဒကာမတွေကို အန္တရယ်ကင်းရှင်းစေရေးအတွက် ရွှေတိဂုံဘုရားပေါ်မှာ ဠင်းတ နားတဲ့ အတွက် အတိတ်နိမိတ်မကောင်းဘူးဆိုပြီးတော့ ဒကာ၊ ဒကာမတွေအတွက် မေတ္တာရှေ့ထားပြီးတော့ ပရိတ်တော်နဲ့တကွ ကမ္မာဝါကို ရွတ်ပေးတာပါ၊ ” ဟု ဦးဆောင်သံဃာတော် တစ်ပါး ဖြစ်သည့် မုံရွာမြို့ ချမ်းသာကြီးကျောင်းတိုက် မှ အရှင်ဝဏ္ဏသိဒ္ဓိ က မိန့်ကြားခဲ့သည်။

သံဃာတော်များ စုစည်းမိသောကြောင့် ယခုလို ဆုတောင်းပွဲကျင်းပရခြင်းဖြစ်ပြီး လွတ်လပ်ရေးနေ့ ၌ ပြုလုပ်ခြင်းမှာ တိုက်ဆိုင်မူတစ်ရပ်သာဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ ပါဝင်ကြောင်း ၎င်းပင်လျှင် လက်ပံတောင်း တောင်မှ ဒဏ်ရာရ၍  ဆေးကုသရန် ရောက်လာသော သံဃာတော်ဖြစ်ကြောင်း ဆုတောင်းပွဲသည် ဆန္ဒပြခြင်း မဟုတ်ကြောင်း၊ အစိုးရကို နှောင့်ယှက်သည်ဟု မယူဆကြောင်း ပြည်သူများ အန္တရယ်ကင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အရှင်ဝဏ္ဏသိဒ္ဓိက ဆက်လက်မိန့်ကြားခဲ့သည်။

အမျိုးသမီးကွန်ယက်၊ ရခိုင်လူငယ်အဖွဲ့ စသည်တို့မှလည်း ဆုတောင်းမေတ္တာပို့ပွဲ၌ သံဃာတော်များနှင့် အတူပူပေါင်း ပါဝင်ခဲ့သည်ဟု သိရသည်။

“အန်တီတို့ အမျိုးသမီးကွန်ယက်က လူတွေလည်း လာကြတယ်၊ ရခိုင်လူငယ်တွေလည်း ပါတယ်၊ ဘုန်ကြီး ဒကာ/ဒကာမ တွေလဲ ပါတယ်။ ဒီကျတော့တွေ့တဲ့ လူတွေကလည်း ပံပိုးပေးတာပေါ့။ နှစ်စမှာကတည်းက ကချင်မှာစစ်ပွဲတွေ ဖြစ်နေတာလေ။ အန်တီတို့ကတော့ အားလုံးကို အေးချမ်းစေချင်တယ်။ ၂၀၁၃ မှာလည်း အေးချမ်းမဲ့အရိပ်ရောင်မမြင်ဘူး။ ဒီကြောင့် သမိုင်းဝင် လွတ်တပ်ရေးနေ့မှာ ရဟန်းသံဃာတွေကနေပြီးတော့ စေတနာမေတ္တာနဲ့ တိုင်းသူပြည်သား တွေအတွက် အန္တရယ်ကင်း ပရိတ်ရွတ်ပေးတာ ၀မ်းသာပါတယ်   ကျေးဇူးလည်း တင်ပါတယ်။” ဟု အမျိုးသမီးကွန်ယက်မှ ဒေါ်နော်အုံးလှမှ ပြောသည်။

ထိုဝတ်ပြုဆုတောင်းပွဲကို ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ကြေးသွန်းဘုရားကြီးမှ စတင်ကာ လမ်းတလျှောက် ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်လာခဲ့ပြီး ရွှေတိဂုံဘုရားအလယ်ပစ္စယံရှိ ဗုဒ္ဓဟူးထောင့်၊ ကြာသာပတေးထောင့်၊ သောကြာ ထောင့်၊ တနလာင်္ထောင့် တို့တွင် ရတနာသုတ်၊ မေတ္တာ သုတ် နှင့် ကမ္မ၀ါစာကို သံဃာတော်များက ရွတ်ဖတ်ပူဇော်ခဲ့ခြင်း ဖြစ်သည်။

“သံဃာတော်တွေရဲ့ အခြေအနေပေါ်မူတည်ပြီးတော့ အချိန်နဲ့အခါနဲ့ကြည့်ပြီးတော့ အလုပ်လုပ်ရတဲ့ အတွက်ကြောင့်  ထောင့်လေးထောင့်ကို ရွေးပြီးဆောင်ရွက်တာပါ တကယ်တော့ ဘုန်းကြီးတို့ အရပ်ရှစ်မျက်နှာလုံး ရွတ်ဖို့ ရည်ရွယ်ထားတာပါ” ဟု ဦးဆောင်သူ မကွေးကျောင်းတိုက်ဆရာတော် အရှင်ဘဒ္ဒန္တပါမောက္ခ က အရပ်ရှစ်မျက်နှာလုံး မရွတ်ဖတ်နိုင်ရခြင်းအကြောင်းကို မိန့်ကြားခဲ့ပြန်သည်။

မြစ်မခ 

No comments:

Post a Comment