Pages

Tuesday, January 8, 2013

လေးနိုင်ငံပူးပေါင်း၍ လူကုန်ကူးမှုများအားတိုက်ဖျက်သွားမည်

 

မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ် တိုင်းဆိုသလိုဖြစ်ပွားနေသော လူ  ကုန်ကူးခံရမှုများအား ကမ္ဘောဒီး ယား၊မလေးရှား၊ထိုင်း၊မြန်မာလေး နိုင်ငံပူးပေါင်း၍ လူကုန်ကူးခြင်းခံ ရသော လူများအား ကယ်တင်၍ လူကုန်ကူးမှုများတိုက်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။
““ဦးတို့ လူကုန်ကူးမှုတွေကို  တိုက်ဖျက်တဲ့အခါမှာ အဓိကတော့  MOU ထိုးရမယ်။နှစ်နိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ပါမယ်လို့ MOU ထိုးနိုင်မှသာ ပူးပေါင်းဆောင်ရွက် နိုင်မှာဖြစ်တယ်။ ဦးတို့နိုင်ငံနဲ့ ပထမဆုံးကမ္ဘောဒီယားက လက် မှတ်ထိုးပြီးသွားပြီးနောက် ထိုင်းနဲ့   မလေးရှားပါဝင်လာတယ်။ အစ တုန်းကတော့မလေးရှားက သူတို့ နိုင်ငံမှာ လူကုန်ကူးခံရတာမရှိဘူး လို့ပြောတယ်။ အခုသူတို့ကလည်း လက်ခံလာပြီးနောက်တစ်ခုပြောချင် တာက ဦးတို့နိုင်ငံမှာဝမ်းသာစရာ Foce Labour အလုပ်သမားမှတ် ပုံတင်နဲ့ပတ်သက်ပြီး ကမ္ဘာက သတ်မှတ်တာ ဦးတို့နိုင်ငံက နံပါတ်   သုံးဖြစ်သွားပြီ””ဟု လူကုန်ကူးမှု တိုက်ဖျက်ရေးမှတာဝန်ရှိသူ ရာလျံမုန်းက ပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံတွင်ဖြစ် ပေါ်ခဲ့သော လူကုန်ကူးခြင်းခံရ သည်မှလည်း သူများနှင့်နှိုင်းယှဉ်  ကာ ဆင်းရဲသည်ဟု မိမိကိုယ်ကို   ထင်သောကြောင့်ဖြစ်ကြောင်း ILO မှတာဝန်ရှိသူတစ်ဦးကပြော ကြားသည်။လူကုန်ကူးခြင်းခံရတာ  လည်း အဓိကတော့ ကိုယ်တိုင် ဆင်းရဲတာမဟုတ်ဘဲနဲ့သူများနဲ့နှိုင်း ယှဉ်ပြီး ဆင်းရဲတယ်လို့ထင်တာ။ အသင့်သင့်ရှိပါလျက်နဲ့ပိုချမ်းသာ    ချင်လို့ဖြစ်ရတာ””ဟုပြောကြားခဲ့ သည်။ ၂၀၁၂ခုနှစ်အတွင်း လူကုန်  ကူးခြင်းခံရသည့် လူဦးရေသည်   တရုတ်သို့ ၁၄၆ဦး၊ထိုင်းသို့ ၂၈ဦး ဖြစ်ကြောင်း အထက်ပါပုဂ်္ဂိုလ်များ   ၏ စာရင်းပြုစုထားသည့် အ  ထောက်အထားအရ သိရသည်။
hot news

No comments:

Post a Comment