Pages

Wednesday, January 23, 2013

ယီမင်နိုင်ငံ အလယ်ပိုင်းတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ တိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်ဒါ ဟု သံသယရှိသူ ၄ ဦး သေဆုံး ခဲ့


ယီမင်နိုင်ငံ အလယ်ပိုင်းတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ တိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်ဒါဟု သံသယ ရှိသူ ၄ ဦး သေဆုံး ခဲ့ရကြောင်း သိရှိ ရပါသည်။
ယီမင်နိုင်ငံတွင် စစ်သွေကြွ များအား ခြေရာခံစောင့်ကြည့်ရန် အသုံးပြုလျက် ရှိသည့် အမေရိကန် မောင်းသူမဲ့ လေယာဉ်၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန်တို့ အနေဖြင့် မည်သည့် အခါကမျှ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း မရှိပေ။ ယီမင် အစိုးရ အနေဖြင့် ယခုကဲ့ သို့တိုက်ခိုက်မှု များကို ခွင့်ပြု ပေးထားသော်လည်း အမေရိကန်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍မူ တိတိကျကျ မှတ်ချက်ပြု ပြောဆိုလေ့ မရှိကြောင်း သိရှိ ရပါသည်။
မြ၀တီ

No comments:

Post a Comment