Pages

Monday, January 7, 2013

ရန်ကုန်လူငယ်များ အင်းလေးကိုသွား


 
လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာတွေမှာ ကူညီဆောင်ရွက်တတ်တဲ့ ရန်ကုန်က လူငယ်အများအပြား အင်းလေးဒေသကို ရောက်လာကြပါတယ်။
 
Myanmar Youths In Action အဖွဲ့က စီစဉ်တဲ့ ၃ ရက်ခရီးစဉ်မှာ ပါဝင်သူတွေဟာ စနေနေ့မှာတော့ လယ်သစ်ကုန်းဘုန်းကြီးကျောင်းမှာ ဒေသခံ လူငယ်အများအပြားနဲ့ တွေ့ဆုံ စကားပြောကြပါတယ်။

ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများထဲမှာ  အင်းဒေသဆိုင်ရာ အထွေထွေစီးပွားရေး၊ လူမှုရေး၊ လူငယ်အရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ပါဝင်ပါတယ်။

ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ကို ရောက်လာတဲ့ ဒီလူငယ်တွေဟာ ရန်ကုန်မှာတော့ အမှိုက်ကို အမှိုက်ပုံးထဲထည့်ဖို့ လှုံ့ဆော်တာမျိုးလို ပညာပေးအစီအစဉ်တွေ ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။
 မိဘမဲ့ကလေးများရှိတဲ့ဘုန်းတော်ကြီးသင်ကျောင်းတွေကို သွားရောက်ပြီး ကူညီဆောင်ရွက်ပေးတာလည်း ရှိပါတယ်။


ဒီလိုလုပ်ငန်းအစီအစဉ်တွေမှာပါဝင်နေကြတဲ့ဒီလူငယ်တွေကသူတို့ရဲ့အုပ်စုလိုက် လေ့လာရေးခရီးစဉ်အတွက်
 အင်းလေးကန်ဒေသကို ရွေးချယ်ခဲ့တာဟာ အင်မတန် သင့်လျော်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်က နာမည်ကျော် အင်းလေးကန်ဒေသဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အများအပြား လိုအပ်နေပါတယ်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) 

ဧရာဝတီ

No comments:

Post a Comment