Pages

Friday, January 18, 2013

ဗန်းမော်(၃)မိုင် ရွှေပြည်သာကားလမ်းဘေးမိုင်းကွဲ




3
ဇန်န၀ါရီ (၁၇) ရက်နေ့ ည နေ (၄း၁၀) နာရီခန့်က ဗန်းမော် မိုးမော်ကားလမ်း (၃) မိုင်ရွှေပြည် သာကျေးရွာ၊ စက်မှုအထက်တန်း  ကျောင်းမျက်နှာစာကားလမ်းဘေး တွင် မိုင်းကွဲသဖြင့် သုံးဘီးယာဉ်  တစ်စီးညာဖက်ဘီးပျက်စီးကာ လူ (၃) ယောက်ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ (၁၇) ရက် ညနေ (၄း၁၀) နာရီခန့်က ဗန်းမော်မိုးမောက်ကားလမ်းဘေး (ညာဖက်ခြမ်း) ကားလမ်းမှ ၁၅ ပေခန့်အကွာ၊ စက်မှုအထက်တန်း  ကျောင်းဝင်ပေါက်အလွန်မယ်ဇလီ ပင်ခြေရင်း ဂျာမဏီခြုံစပ်တွင် နှစ်ဆင့်ကွဲမိုင်းပေါက်ကွဲသဖြင့် ၄ မိုင်ကြက်ခြံတွင် ကြက်တင်ရန်သွား သည်။ ၄ဟ/၃၉၆၆ သုံးဘီးဆိုင် ကယ်ညာဖက်တာယာကွဲထွက်ကာ၊  ရေတိုင်ကီအနည်းငယ်ထိခိုက်ပြိး (၁၄) နေရာခန့် ယမ်းစများထိမှန် ခဲ့ကြောင်း၊ မိုးမောက်မြို့သို့ ၆၆ KV ဓာတ်အားခွဲရုံမှပေးသည့် Leven (11) ကြိုး ၂ ပင်စလုံးမီး လောင်ကျွမ်းပြတ်ကျသွားခဲ့ကြောင်း  သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် သစ/ ၂၃၇ နေသုံးဘီးမောင်းသူ ဦးသန်းစိုး  (၄၂ နှစ်) ၁/ဗမန (နိုင်) ၀၅၁၇၄၂ (ဘ ဦးစိုးမြင့်) မြန်မာမူဆလင်/ အစ္စလာမ်မှာ ၀ဲလက်ပျံပေါက်ထွက်  ဒဏ်ရာ၊ သုံးမိုင်ကွက်သစ်နေ စိုက်/ဘဏ်အငယ်တန်းစာရေး ဦးကျော်ဟိန် (၃၀ နှစ်) ၁/ဘကန  (နိုင်) ၀၉၂၄၇၅ (ဘ ဦးဘဟန်) ရခိုင်/ဗုဒ္ဓမှာ ညာလက်မောင်းနှင့် ဂုဏ် (ဆံစ)တွင် ယမ်းစထိမှန်  ဒဏ်ရာနှင့် မိုင်းကွဲနေရာနှင့် ပေ ၁၂၀ ခန့်အကွာ ကားလမ်းတဖက်  ရှိ အိမ်အမှတ် ရပသ/၇ နေအိမ် ရှေ့ရပ်နေသူစစ်မှုထမ်းဟောင်းဦးမရန်  အားနန် (၈၄ နှစ်) BSN ၁၅၉ ၅၈၀ ကချင်၊ ခရစ်ယာဉ်မှာ ၀ဲခြေ သလုံးတွင် ယမ်းစထိမှန်ဒဏ်ရာ  ရခဲ့ကြောင်း၊ ဦးသန်းစိုးနှင့် ဦးမရန်  အားနန်တို့မှာ ဗန်းမော်ပြည်သူ့ ဆေးရုံကြီးအရိုးအကြောဆောင် တွင် တက်ရောက်ကုသနေကြောင်း မည်သည့်အဖွဲ့အစည်းလက်ချက်  ဆိုတာသိနိုင်ဖို့သက်ဆိုင်ရာမှ ရှာဖွေစုံစမ်းလျက်ရှိကြောင်း စုံစမ်း  သိရှိရပါသည်။
hot news

No comments:

Post a Comment