Pages

Monday, January 21, 2013

လာမည့်နှစ်တွင် ဆေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်မည်

ဇန်န၀ါရီ(၂၁)

မြန်မာနိုင်ငံတွင် ပြည်သူလူထုနှင့် မျှတသော ဆရာဝန်များ မွေးထုတ်ပေးနိုင်ရန်အတွက် လာမည့်နှစ်တွင် ပြည်နယ်အသီးသီး၌ ဆေးဝါးတက္ကသိုလ်များ ဖွင့်လှစ်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင်က ပြောသည်။
ယနေ့ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင်
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၈ မှ ဦးဟာရှိန်းဘွေ၏ ဝေးလံသီခေါင်ပြီး သွားရေးလာရေးခက်ခဲသည့် ဒေသမှ ဆရာဝန်ဘွဲ့ရရှိသူ၊ ဆမ လက်မှတ်ရထားသူ ဒေသခံလူငယ်များ ၀န်ထမ်းရွေးချယ်ရေးအဖွဲ့မှ ခေါ်ယူစစ်ဆေးသည့် စာမေးပွဲတွင် အကြိမ် ကြိမ်ဖြေဆိုသော်လည်း ရွေးချယ်ခံရခြင်းမရှိ၍ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအခက် ကြုံနေရသည်ကို ဖြေရှင်းပေးမည့်အစီအစဉ်ကို သိလိုကြောင်း မေးခွန်းကို ဖြေကြားရာတွင် ၄င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ တစ်နှစ်ကို ၂၄၀၀ ဦးမွေးထုတ်ပေးရာမှာ တက္ကသိုလ်လေးခုကပဲ မွေးထုတ်ပေးနေရ တယ်။ တက္ကသိုလ်တစ်ခုမှာ ၆၀၀ လောက်ပဲ မွေးထုတ်နေရတယ်၊ အဲဒီအခါ ဆရာနဲ့ ကျောင်းသားမမျှမှု စာသင်ခန်းမမျှမှုတွေ ရှိလာလိမ့်မယ်၊ ဆရာနဲ့ ကျောင်းသားမမျှတာကို ဆရာတွေ တိုးခန့်လို့ ရနိုင်ပေမယ့် ကျောင်းသားနဲ့ လူနာမမျှတာကတော့ လူနာတွေကို အတင်းဆေးရုံတက်ခိုင်းပြီး လေ့လာဖို့ဆိုတာ မဖြစ်နိုင်ပါ ဘူး၊ ကျောင်းသားတွေ များလာဖို့ဆိုရင် မကြာခင်မှာ ဆေးတက္ကသိုလ် ဆေးကျောင်းသစ်ဖွင့်ပြီးတော့ ရှေ့နှစ်မှာ စပြီးတော့ တောင်ကြီးမှာ စဖွင့်မယ်၊ ပြီးရင် မော်လမြိုင် မကွေး စတဲ့ ပြည်နယ်အသီးသီးမှာ ဖွင့်ဖို့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။

 Messenger News Journal

No comments:

Post a Comment