Pages

Wednesday, January 9, 2013

“သဘာဝဘေးဒဏ်ခံစားခဲ့ရသော တောင်သူများ၏ စိုက်စရိတ်ချေးငွေ မေလအထိ ဆိုင်းငံ့ပေးမည်”

Photo: “သဘာဝဘေးဒဏ်ခံစားခဲ့ရသော တောင်သူများ၏ စိုက်စရိတ်ချေးငွေ မေလအထိ ဆိုင်းငံ့ပေးမည်”

ရန်ကုန်၊ ဇန်နဝါရီ ၈
 
အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် ရေကြီးမှုဒဏ်ခံခဲ့ရသည့်ဒေသများမှ တောင်သူများ၏ မိုး စပါးစိုက်စရိတ် ချေးငွေအား မေလအထိဆိုင်းငံ့ပေးရန် တင်ပြမှုအပေါ်သက်ဆိုင်ရာဌာနမှ သဘောတူလက်ခံလိုက်ပြီဟု သိရ သည်။
လေးမျက်နှာ၊ ဟင်္သာတ၊ အင်္ဂ ပူ၊ မအူပင်၊ ဒေးဒရဲ၊ လှည်းကူးနှင့် တောင်ငူ စသည့်မြို့နယ်များမှ တောင်သူတို့က စပါးဈေး အဆမတန်ကျဆင်းလာမှုနှင့် အတူ ရာသီ ဥတုဖျက်မှုကြောင့် ဒုက္ခတွေ့နေရ ပါကြောင်း တင်ပြလာမှုအပေါ် အ သင်းမှ သက်ဆိုင်ရာဌာနတို့နှင့် ဆွေးနွေးခဲ့ရာ ထိုကဲ့သို့ အဖြေထွက် လာပါသည်ဟု မြန်မာနိုင်ငံ တောင် သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

''ဒီအချက်အပါအဝင် တောင် သူတွေ အဆင်ပြေ၊ အသက်ရှူ ချောင်မယ့် အချက်တွေကိုပါ လိုက် လျောခဲ့တယ်'' ဟု ၄င်းက ဆိုသည်။
လယ်/ဆည်ဝန်ကြီးဌာန၊ စီး ပွားကူးသန်းဝန်ကြီးဌာန၊ နိုင်ငံတော် အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီတို့နှင့် ဆက်လက် ဆွေးနွေးမှုအရ မိုးစပါးရောင်းချရန် အခက်အခဲရှိနေသည့် နေရာများ၌ အဝယ်ဒိုင်ဖွင့်လှစ်ဝယ်ယူသွားမည့် အပြင် စွမ်အင်ဝန်ကြီးဌာနထုတ် ယူရီးယားဓာတ်မြေသြဇာကို ဆိုင်းငံ့ စနစ်ဖြင့်ရောင်းချပေးမည်ဟု သက် ဆိုင်ရာမှ ကတိပြုခဲ့ကြောင်း ၄င်းက ဆက်လက်ပြောသည်။
နိုင်ငံတော် အရန်ဆန်ဝယ်ယူ ရေး ကြီးကြပ်မှုကော်မတီမှ ဆန် တန်ချိန် ၃ဝဝဝဝ ဝယ်ယူရေးအ တွက် ဒီဇင်ဘာ ၁ဝ ရက်နေ့ နောက်ဆုံးထား၍ တင်ဒါသွင်းရန် ဖိတ်ခေါ်ထားသည်။

PN-051

အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် ရေကြီးမှုဒဏ်ခံခဲ့ရသည့်ဒေသများမှ တောင်သူများ၏ မိုး စပါးစိုက်စရိတ် ချေးငွေအား မေလအထိဆိုင်းငံ့ပေးရန် တင်ပြမှုအပေါ်သက်ဆိုင်ရာဌာနမှ သဘောတူလက်ခံလိုက်ပြီဟု သိရ သည်။
လေးမျက်နှာ၊ ဟင်္သာတ၊ အင်္ဂ ပူ၊ မအူပင်၊ ဒေးဒရဲ၊ လှည်းကူးနှင့် တောင်ငူ စသည့်မြို့နယ်များမှ တောင်သူ
တို့က စပါးဈေး အဆမတန်ကျဆင်းလာမှုနှင့် အတူ ရာသီ ဥတုဖျက်မှုကြောင့် ဒုက္ခတွေ့နေရ ပါကြောင်း တင်ပြလာမှုအပေါ် အ သင်းမှ သက်ဆိုင်ရာဌာနတို့နှင့် ဆွေးနွေးခဲ့ရာ ထိုကဲ့သို့ အဖြေထွက် လာပါသည်ဟု မြန်မာနိုင်ငံ တောင် သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

''ဒီအချက်အပါအဝင် တောင် သူတွေ အဆင်ပြေ၊ အသက်ရှူ ချောင်မယ့် အချက်တွေကိုပါ လိုက် လျောခဲ့တယ်'' ဟု ၄င်းက ဆိုသည်။
လယ်/ဆည်ဝန်ကြီးဌာန၊ စီး ပွားကူးသန်းဝန်ကြီးဌာန၊ နိုင်ငံတော် အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီတို့နှင့် ဆက်လက် ဆွေးနွေးမှုအရ မိုးစပါးရောင်းချရန် အခက်အခဲရှိနေသည့် နေရာများ၌ အဝယ်ဒိုင်ဖွင့်လှစ်ဝယ်ယူသွားမည့် အပြင် စွမ်အင်ဝန်ကြီးဌာနထုတ် ယူရီးယားဓာတ်မြေသြဇာကို ဆိုင်းငံ့ စနစ်ဖြင့်ရောင်းချပေးမည်ဟု သက် ဆိုင်ရာမှ ကတိပြုခဲ့ကြောင်း ၄င်းက ဆက်လက်ပြောသည်။
နိုင်ငံတော် အရန်ဆန်ဝယ်ယူ ရေး ကြီးကြပ်မှုကော်မတီမှ ဆန် တန်ချိန် ၃ဝဝဝဝ ဝယ်ယူရေးအ တွက် ဒီဇင်ဘာ ၁ဝ ရက်နေ့ နောက်ဆုံးထား၍ တင်ဒါသွင်းရန် ဖိတ်ခေါ်ထားသည်။
Popular Myanmar News Journal

No comments:

Post a Comment