Pages

Wednesday, January 2, 2013

ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ

ဇန်န၀ါရီလ  ၂
 
Photo: ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ
Wednesday, January 02, 2013 

ဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့ အမည်ပေးထားပါတယ်။

၁၉၉၂ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ၅ထပ်၊ ၆ထပ်၊ ၇ထပ် စတဲ့ အထပ် သုံးထပ်ကို ဟိုင်းဝေးကားလမ်းဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရင် ယင်းအထပ်တွေကို အလိုအလျောက် ကျော် သွားပါတယ်။ ခေါင်မိုးမှာ ရဟတ်ယာဉ် ကွင်းလည်း ထားရှိထားပါတယ်။

ဟိုင်းဝေးလမ်း ကြောင့် တိုက်တုန်ခါမှု၊ အသံဆူညံမှု မဖြစ်အောင် အထပ်ပေါင်း များစွာ ခံထားပါတယ်။ ပြီးတော့ တိုက်တစ်ခုလုံးကိုလည်း double core -နှစ်ထပ် ပြုလုပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အစ ကတည်းက ယင်းနေရာမှာ ဟိုင်းဝေးလမ်း ဖြစ်ပြီး Suezawa Sangyo Co. Ltd မှ အစိုးရထံ ခွင့်ပြုချက်တောင်းလို့ ကြိုးစားတည် ဆောက်ခဲ့ တာ ဖြစ် ပါတယ်။ တည်ဆောက်ပေးတဲ့ ကုမ္မဏီကတော့ Sato Kogyo Co. Ltd. ဖြစ် ပါတယ်။

ယခုချိန်မှာတော့ Gate Tower မှာ ပုဂ္ဂလိက ရုံးနဲ့ ကုမ္မဏီအချို့ အခြေဆိုက်ပြီး ဂျပန်နိုင်ငံရဲ့  ပထမဆုံး ဟိုင်းဝေးလမ်းဖောက် တာဝါအဖြစ် မှတ်တမ်း တင်ခဲ့ကြောင်း သိရပါတယ်။
---
Ref: wiki
YoYarLay

No comments:

Post a Comment