Pages

Wednesday, January 23, 2013

လာမည့်ဘတ် ဂျတ်နှစ်အတွင်း ဝန်ထမ်းများ အားလစာတိုးပေးမည့်မေးခွန်း များနှင့် စပ်လျဉ်းသည့် မေးခွန်းသုံးခု ကို နိုင်ငံတော်ပြန်တမ်းအတွင်း ထည့် သွင်းသွား မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ပြောကြား



ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစီအစဉ်မှ လာမည့်ဘတ် ဂျတ်နှစ်အတွင်း ဝန်ထမ်းများ အားလစာ တိုးပေးမည့်မေးခွန်း များနှင့် စပ်လျဉ်းသည့် မေးခွန်းသုံးခုကို နိုင်ငံတော်ပြန်တမ်း အတွင်း ထည့် သွင်းသွား မည်ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောသည်။

သီပေါမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်း ၏ လာမည့်ဘတ်ဂျတ်နှစ်တွင် ဝန် ထမ်းများအား လစာတိုးပေး မည်ဟု ကတိပေးထားပြီးဖြစ်ရာ လစာတိုး ပေးပြီးနောက် ငွေကြေးဖောင်းပွမှု မဖြစ်စေရန် မည်သည့် အစီအမံများ ချထားဆောင် ရွက်နေ သည်ကို သိရှိ လိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း၊ ကြံခင်းမဲဆန္ဒနယ် မှ ဒေါက်တာ တင် မောင်ကြိုင်၏ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၏ သာမန်အသုံးစရိတ် များ ခွဲဝေချထားရာတွင် ခေတ်ကာလနှင့် လျော်ညီသော အသုံးစရိတ် များခွဲဝေချထားပေးရန် အစီအစဉ် ရှိမရှိစပ် လျဉ်းသည့်မေး ခွန်းနှင့် ပျော်ဘွယ်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စား လှယ် ဦးမြင့်စိုး၏ ပြည်သူ့ဝန် ထမ်းများအား ယနေ့ ခေတ်နှင့် လျော်ညီသော ထိုက်တန် သည့်ရာထူးအဆင့်အတန်းအလိုက် ဝန်ထမ်းခံစားခွင့်များစီ စဉ်ပေးရန် အစီအစဉ်ရှိမရှိနှင့် စပ်လျဉ်း သည့် မေးခွန်းသုံးခုကို နိုင်ငံတော်ပြန်တမ်း အတွင်းသို့ ထည့်သွင်းသွားမည်ဖြစ် ကြောင်း ပထမ အကြိမ် ပြည်သူ့လွှတ် တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစီအစဉ်ဒုတိယပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြော ကြား လိုက်ခြင်းဖြစ်သည်။
Yangon Media Group

No comments:

Post a Comment