Pages

Wednesday, January 2, 2013

ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ အီရန်စမ်းသပ်

ဇန်န၀ါရီလ  ၂
 
 Photo: ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ အီရန်စမ်းသပ်
Wednesday, January 02, 2013

အီရန်ရေတပ်သည် (၆)ရက်ကြာ ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှု အခမ်းအနားတွင် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

တနင်္လာနေ့က (၄)ရက်မြောက် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေစဉ် ဒုံးကျည် စမ်းသပ်မှုများအပြင် ရေအောက် တော်ပီဒို ပစ်လွှတ်မှုများကိုပါ လုပ်ဆောင်
ခဲ့သည်။ နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ရေပြင်တွင် ပြုလုပ်သော Velayat 91 စစ်ရေး လေ့ကျင့်မှုသည် အပြည့်အဝ အောင်မြင်နေကြောင်း အီရန်စစ်ဘက်
က ဆိုသည်။ ထိုစစ်ရေး လေ့ကျင့်မှုတွင် ရေပြင်မှ ဝေဟင်သို့ ပစ်ခတ်နိုင်
သည့် Ra'd ဒုံးကျည်များကိုလည်း စမ်းသပ်သွားခဲ့သည်။ Ra'dများကို အီရန် ဒုံးကျည် သုတေသီများက စမ်းသပ်တီထွင်ပြီး အီရန်စစ်သင်္ဘောများတွင် တပ်ဆင်ခဲ့သည်။

မိုးကြိုးဟု အဓိပ္ပါယ်ရသည့် အမည်သတ်မှတ်ထားသောယင်းဒုံးကျည်များ
သည် တာလတ်အကွာအဝေးရှိ ဝေဟင်ပစ်မှတ်များကို ဖျက်ဆီးပစ်နိုင်သည်။ ထို့အပြင် တာတိုပစ် Nasrဒုံးကျည်များကိုလည်း အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင်း ယင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်၏ ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း စစ်သေနာပတိ အေမာရာစတီဂါရီက ပြောကြားခဲ့သည်။
 အောင်ပွဲဟု အဓိပ္ပါယ်ရသည့် အဆိုပါ ဒုံးကျည်များသည် တန်ချိန် (၃၀၀၀)ရှိ
 ရေယာဉ်များကိုပင် ဖျက်ဆီးနိုင်သလို ကုန်းတွင်း ပစ်မှတ်များကိုလည်း
 ချေမှုန်းနိုင်ကြောင်း ရာစတီဂါရီက ပြောဆိုသွားသည်။ 

Planet Myanmar Network


အီရန်ရေတပ်သည် (၆)ရက်ကြာ ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှု အခမ်းအနားတွင်တာတိုနှင့်တာလတ်
ပစ် ဒုံးကျည်များကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

တနင်္လာနေ့က (၄)ရက်မြောက် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေစဉ်ဒုံးကျည်စမ်းသပ်မှုများအပြင် ရေအောက်
 တော်ပီဒို ပစ်လွှတ်မှုများကိုပါ လုပ်ဆောင်ခဲ့သည်။ နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ရေပြင်တွင် ပြုလုပ်သော
 Velayat 91 စစ်ရေး လေ့ကျင့်မှုသည် အပြည့်အဝ အောင်မြင်နေကြောင်း အီရန်စစ်ဘက်က ဆိုသည်။ 
ထိုစစ်ရေး လေ့ကျင့်မှုတွင် ရေပြင်မှ ဝေဟင်သို့ ပစ်ခတ်နိုင်သည့် Ra'd ဒုံးကျည်များကိုလည်း စမ်းသပ်သွား
ခဲ့သည်။ Ra'dများကို အီရန် ဒုံးကျည် သုတေသီများက စမ်းသပ်တီထွင်ပြီး အီရန်စစ်သင်္ဘောများတွင်တပ်ဆင်
ခဲ့သည်။

မိုးကြိုးဟု အဓိပ္ပါယ်ရသည့် အမည်သတ်မှတ်ထားသောယင်းဒုံးကျည်များသည်တာလတ်အကွာအဝေးရှိ
 ဝေဟင်ပစ်မှတ်များကို ဖျက်ဆီးပစ်နိုင်သည်။ ထို့အပြင် တာတိုပစ် Nasrဒုံးကျည်များကိုလည်း အောင်အောင်
မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင်း ယင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်၏ ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း စစ်သေနာပတိ အေမာရာစတီဂါရီက ပြောကြားခဲ့သည်။
အောင်ပွဲဟု အဓိပ္ပါယ်ရသည့် အဆိုပါ ဒုံးကျည်များသည်တန်ချိန်(၃၀၀၀)ရှိရေယာဉ်များကိုပင်ဖျက်ဆီးနိုင်
သလိုကုန်းတွင်း ပစ်မှတ်များကိုလည်းချေမှုန်းနိုင်ကြောင်း ရာစတီဂါရီက ပြောဆိုသွားသည်။

Planet Myanmar Network

No comments:

Post a Comment