Pages

Thursday, January 3, 2013

အောင်ပန်းမြို့ ပြည်သာယာ ကုန်စိမ်းဈေး၌ ကြက်သွန်ဖြူ ဈေးနှုန်း သိသိသာသာ ကျဆင်း


ဇန်န၀ါရီလ  ၃

 အောင်ပန်းမြို့ ပြည်သာယာ ကုန်စိမ်းဈေး၌ ကြက်သွန်ဖြူ ဈေးနှုန်း သိသိသာသာ ကျဆင်း


ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် အောင်ပန်းမြို့ရှိ ပြည်သာယာ ကုန်စိမ်းဈေးသည် ဒေသတွင်းမှ စိုက်ပျိုး ထုတ်လုပ်သော မီးဖိုချောင် သီးနှံများ ဖြစ်သည့် အာလူး၊ ချင်း၊ ပန်းဂေါ်ဖီ၊ ငရုတ်၊ ကြက်သွန်ဖြူနှင့် အခြား ကုန်စိမ်း သီးနှံများကို မြို့ကြီးများနှင့် နယ်မြို့များသို့ ပို့ဆောင် ပေးခြင်းဖြင့် ရောင်းသူ၊ ဝယ်သူ၊ ကုန်သည်၊ ပွဲစားများ နေ့စဉ် စည်ကားလျက် ရှိပြီး ယခု ရက်ပိုင်းတွင် ကြက်သွန်ဖြူ ဈေးနှုန်း သိသိသာသာ ကျဆင်းလျက် ရှိကြောင်း သိရသည်။

ဒေသတွင်း ထွက်ရှိသော ကြက်သွန်ဖြူ ဈေးနှုန်းများမှာ ယခင်နှစ် ယခုအချိန် ကာလတွင် အညံ့စား တစ်ပိဿာ ငွေကျပ် ၅ဝဝ၊ အကောင်းစား တစ်ပိဿာ ငွေကျပ် ၁၈ဝဝ ရှိပြီး လက်ရှိရက်ပိုင်း အတွင်း၌ အညံ့စား တစ်ပိဿာ ငွေကျပ် ၂၅ဝ၊ အကောင်းစား တစ်ပိဿာ ငွေကျပ် ၉ဝဝ ဈေးသာ ရှိသဖြင့် ဈေးနှုန်း သိသိသာသာ ကျဆင်းလျက် ရှိပြီး ယခုကဲ့သို့ ဈေးနှုန်း ကျဆင်း ရခြင်းမှ ကြက်သွန်ဖြူ များသည် နှစ်စဉ် ဧပြီ၊ မေလပိုင်းတွင် ထွက်ရှိခြင်း ဖြစ်ပြီး ယခုလက်ရှိ ကာလသည် ဈေးအတက်ဆုံး ကာလ ဖြစ်သော်လည်း ကြက်သွန်ဖြူ များအား သိုလှောင်သူ များပြားပြီး နောက်ထပ် နှစ်လခန့် အကြာတွင် ခြောက်၍ ကျုံ့သွားမည် ဖြစ်သဖြင့် သိုလှောင် သူများမှ ထုတ်ရောင်း ချသောကြောင့် ဈေးကွက်တွင် ကြက်သွန်ဖြူ ပေါများ၍ ဈေးနှုန်း ကျဆင်းခြင်း ဖြစ်ကြောင်း ဈေး အကျိုးတော်ဆောင် ကော်မတီမှ သိရသည်။
 
မြ၀တီ

No comments:

Post a Comment