Pages

Thursday, January 24, 2013

ဘဏ်ကြားခံချိတ်ဆက်ရောင်းဝယ်မည့် ရွှေဗဟို ဈေးကွက်ဖော်မည်

ဇန်န၀ါရီ(၂၄)

ဘဏ်ကြားခံချိတ်ဆက်ရောင်းဝယ်မည့် ရွှေဗဟို ဈေးကွက်ဖော်မည် ====================================  ဘဏ်များနှင့်ချိတ်ဆက်ကာ ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် (Single Market) ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။  ''ဒီလိုလုပ်ရတာကတော့ ဈေးကွက်ကို ပိုခိုင်မာစေချင်လို့ပါ။ ဝယ်တဲ့သူလည်း အာမခံချက်ရှိမယ်။ ရောင်းတဲ့သူလည်း အာမခံချက်ရှိမယ်။ ပြီးတော့ ရွှေရဲ့အရည်အသွေး၊ စံချိန်စံညွှန်း အားလုံး ခိုင်မာတဲ့ စနစ်လေး ဖြစ်သွားအောင် ဗဟိုဈေးကွက်ပုံစံနဲ့ အကောင်အထည်ဖော်သွားမှာပါ'' ဟု မြန်မာနိုင်ငံ ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှဈေးကွက်အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်) ကပြောသည်။  အဆိုပါ ဈေးကွက်သည်ဘဏ်ကိုကြားခံထား၍ဘဏ်၌ မိမိအပ်နှံထားသော ငွေကြေးပေါ်တွင်မူတည်၍ အရောင်းအဝယ်ပြုလုပ် မည့်ပုံစံဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ရွှေအရောင်းအဝယ် ဗဟိုဈေးကွက်ကို ရန်ကုန်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ရန်ကုန်၌ အဆိုပါစနစ်အောင်မြင်ပါက မန္တလေးတွင်ထပ်မံ၍လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။  ထိုမှတစ်ဆင့် မြန်မာပြည်အနှံ့တွင် ဆက်လက်အကောင် အထည်ဖော်ဆောင်ကာ အီလက်ထရောနစ်စနစ်ဖြင့် ချိတ်ဆက်ကျင့်သုံးသွား ရန်စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။  ''ဒီစနစ်ပေါ်လာရင် အရင်ကတည်းကအရောင်းအဝယ်ပြုလုပ်နေတဲ့ မိရိုးဖလာအရောင်းအဝယ်ကလည်း ပျောက်သွားမှာမဟုတ်ပါဘူး။ ဘဏ်စနစ်ကြားခံပြီး လုပ်တာမျိုးမဟုတ်ဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ကလည်းရှိနေမှာပါ'' ဟုအထက်ပါပုဂ္ဂိုလ်ကပြောသည်။  ရွှေအရောင်းအဝယ်ဗဟို ဈေးကွက်ကို ၂ဝ၁၃ ခုနှစ်ကုန်ပိုင်းတွင်စတင် အကောင်အထည် ဖော်ရန်ရည်ရွယ်ထားသော်လည်း လုံခြုံရေးစိတ်ချရသော နေရာနှင့်ဘဏ်များနှင့် ချိတ်ဆက် လုပ်ကိုင်မည်ဖြစ်သောကြောင့် ဆက်သွယ်ရေးကောင်းမွန်သောနေရာဖြစ်ရန် အတွက် နေရာရှာဖွေဆဲဖြစ်ကြောင်းလည်း ဦးကျော်ဝင်းက ပြောသည်။  ရွှေဘုံသာရှိ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ''ရောင်းသူဝယ်သူ နှစ်ဦးစလုံးအတွက် စိတ်ချရတာပေါ့။ ဒါဆိုလေပတ်ကားစနစ်လည်း လုံးဝပျောက်ကွယ်သွားမယ်'' ဟု ဗဟိုဈေးကွက်ပေါ်လာမည့်အပေါ် သူ၏အမြင်ကို ပြောသည်။  ယနေ့ရွှေဈေးတွင် ကျင့်သုံးလျက် ရှိသောစနစ် သည် ဈေးကွက်ကိုထိန်းချုပ်ထားခြင်း မရှိဘဲကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရှိ အခြေအနေအရပ်ရပ်ပေါ် မူတည်၍ ဈေးဖြတ်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွှေဗဟို ဈေးကွက်ပေါ်ပေါက်လာပါကသဘာဝကျသော ရွှေဈေးနှုန်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  ယနေ့ မြန်မာ့ရွှေပေါက်ဈေးသည် အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၆၅ဝဝဝ ဖြစ်၍ ၁၅ ပဲရည်တစ်ကျပ်သားလျှင် ၇၂ဝ၅ဝဝ ဖြစ်ကာ ကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင် ၁၆၆၈ ကန်ဒေါ်လာဖြစ်ကြောင်း သိရသည်။  အိမ်စည်စိုးစံ၊ ရန်နိုင်  အေးချမ်းမွန်မှ   Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည် https://www.facebook.com/excellencemedia

ဘဏ်များနှင့်ချိတ်ဆက်ကာ ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် (Single  Market) ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီလိုလုပ်ရတာကတော့ ဈေးကွက်ကို ပိုခိုင်မာစေချင်လို့ပါ။ ဝယ်တဲ့ သူ လည်းအာမခံချက်ရှိမယ်။ ရောင်းတဲ့သူလည်း အာမခံချက် ရှိမယ်။ ပြီးတော့ ရွှေရဲ့အရည်အသွေး၊ စံချိန်စံညွှန်းအားလုံး ခိုင်မာတဲ့ စနစ်လေး ဖြစ်သွားအောင် ဗဟိုဈေးကွက်ပုံစံနဲ့ အကောင်အထည်ဖော်သွားမှာပါ'' ဟု မြန်မာနိုင်ငံ ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှဈေးကွက်အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်) ကပြော သည်။

အဆိုပါ ဈေးကွက်သည်ဘဏ်ကိုကြားခံထား၍ဘဏ်၌ မိမိအပ်နှံထားသော ငွေကြေးပေါ်တွင်မူတည်၍ အရောင်းအဝယ်ပြုလုပ် မည့်ပုံစံဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ရွှေအရောင်းအဝယ် ဗဟိုဈေးကွက်ကို ရန်ကုန်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ရန်ကုန်၌ အဆိုပါ စနစ်အောင်မြင်ပါက မန္တလေးတွင်ထပ်မံ၍လုပ်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုမှတစ်ဆင့် မြန်မာပြည်အနှံ့တွင် ဆက်လက်အကောင် အထည်ဖော်ဆောင်ကာ အီလက်ထရောနစ် စနစ်ဖြင့် ချိတ်ဆက်ကျင့်သုံးသွား ရန်စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

''ဒီစနစ်ပေါ်လာရင် အရင်ကတည်းကအရောင်းအဝယ်ပြုလုပ်နေတဲ့ မိရိုးဖလာအရောင်း အဝယ် ကလည်း ပျောက်သွားမှာမဟုတ်ပါဘူး။ ဘဏ်စနစ်ကြားခံပြီး လုပ်တာမျိုးမဟုတ်ဘဲ ပုံမှန်အတိုင်း အရောင်း အဝယ်ကလည်းရှိနေမှာပါ'' ဟုအထက်ပါပုဂ္ဂိုလ်ကပြောသည်။

ရွှေအရောင်းအဝယ်ဗဟို ဈေးကွက်ကို ၂ဝ၁၃ ခုနှစ်ကုန်ပိုင်းတွင်စတင် အကောင်အထည် ဖော်ရန်ရည်ရွယ် ထားသော်လည်း လုံခြုံရေးစိတ်ချရသော နေရာနှင့်ဘဏ်များနှင့် ချိတ်ဆက် လုပ်ကိုင်မည်ဖြစ်သောကြောင့် ဆက်သွယ်ရေးကောင်းမွန်သောနေရာဖြစ်ရန်အတွက် နေရာရှာဖွေဆဲဖြစ်ကြောင်းလည်း ဦးကျော်ဝင်း က ပြော သည်။

ရွှေဘုံသာရှိ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ''ရောင်းသူဝယ်သူ နှစ်ဦးစလုံးအတွက်စိတ်ချရတာပေါ့။ ဒါဆိုလေ ပတ်ကားစနစ်လည်း လုံးဝပျောက်ကွယ်သွားမယ်'' ဟု ဗဟိုဈေးကွက်ပေါ်လာမည့်အပေါ် သူ၏အမြင် ကို ပြောသည်။

ယနေ့ရွှေဈေးတွင် ကျင့်သုံးလျက် ရှိသောစနစ် သည် ဈေးကွက်ကိုထိန်းချုပ်ထားခြင်း မရှိဘဲ ကမ္ဘာ့ ရွှေဈေးနှင့် ပြည်တွင်းရှိ အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ဈေးဖြတ်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွှေ ဗဟို ဈေးကွက်ပေါ်ပေါက်လာပါကသဘာဝကျသော ရွှေဈေးနှုန်း ပေါ်ပေါက်လာ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ မြန်မာ့ရွှေပေါက်ဈေးသည် အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၆၅ဝဝဝ ဖြစ်၍ ၁၅ ပဲရည်တစ်ကျပ် သားလျှင် ၇၂ဝ၅ဝဝ ဖြစ်ကာ ကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင် ၁၆၆၈ ကန်ဒေါ်လာဖြစ်ကြောင်း သိရ သည်။

  Popular Myanmar News Journal


No comments:

Post a Comment