Pages

Tuesday, January 22, 2013

မြ၀တီမြို့ ကာတွန်းပြပွဲ



~






မြန်မာကာတွန်းဆရာများ၏ ခေတ်စနစ်ကို ထင်ဟပ်စေသည့် ကာတွန်းပြပွဲတရပ်ကို မြ၀တီ နယ်စပ်မြို့တွင် တနင်္ဂနွေ၊ တနင်္လာနေ့ ၂ ရက်ဆက်တိုက် ပြုလုပ်ခဲ့ရာ ထောင်နှင့်ချီသည့် ကာတွန်းဝါသနာအိုးများ အားပေးခဲ့ကြသည်။

ပြပွဲတွင် နာမည်ရ ကာတွန်းဆရာများ အပြင် ဒေသတွင်း ကာတွန်းဆရာများဖြစ်သည့် ATH, ဘုန်းကျော်၊ CMM, မင်းလက်ဝဲ၊ ဒီလင်း၊ မောင်ကျော်၊ သားကြီး၊ မင်းစံရှားတို့၏ လက်ရာများကို ပြသခဲ့သည်။

ကာတွန်းဆရာ ATH က ”ပြပွဲပြရတဲ့အတွက် အရမ်း ကောင်းပါတယ်။ တနိုင်ငံလုံးက ကာတွန်းဆရာတွေ အတော်ပါတယ်။ ပြည်သူတွေအတွက် MESSAGE တခုခုတော့ ရသွားမယ်လို့ထင်ပါတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ပြပွဲကျင်းပရာ မြ၀တီဘုရားကြီးကျောင်းတိုက်မှ အရှင်သုမနက ”ကာတွန်းပြပွဲရဲ့ ထူးခြားချက်က အရွယ် ၃ ပါးမရွေး လာပြီးအားပေးကြတာက ထူးခြားတယ်။ တချို့ကာတွန်းတွေဆိုရင် စာဖတ်မတတ်တဲ့လူတွေကိုတောင် တဟားဟားနဲ့ဖြစ်စေတယ်” ဟု ဆိုသည်။

ပြပွဲဖြစ်မြောက်ရေးကို မြ၀တီမြို့နယ် စာရေးဆရာများအသင်းနှင့် စာပေ၀ါသနာရှင်များက ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကာတွန်းဆရာ CMM မော်လမြိုင်က ”ကာတွန်းမျိုးဆက်သစ်တွေ အများကြီး ထွက်ပေါ်လာချင်လို့ လာရောက်ကူ ညီတာပါ။ ခုလိုလာရောက် ကူညီခွင့်ရလို့ ၀မ်းသာပါတယ်”  ဟု ဆိုသည်။

 ပြပွဲနှင့်အတူ  စာပေဟောပြောပွဲကိုလည်း ကျင်းပရာ  ဦးဘုန်း(ဓါတု)၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဦးမြတ်ခိုင်၊  နုနုရည် (အင်းဝ) တို့ ဟောပြောခဲ့ကြသည်။

နုနုရည် (အင်းဝ)၊ မောင်စိန်ဝင်း ပုတီးကုန်း (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)















The Irrawaddy's Blog

No comments:

Post a Comment