Pages

Tuesday, January 22, 2013

ရုရှားတွင် မီးတောင် ၃ လုံး တစ်ပြိုင်နက်ပေါက်ကွဲ


ရုရှားတွင် မီးတောင် ၃ လုံး တစ်ပြိုင်နက်ပေါက်ကွဲ Tuesday, January 22, 2013  ရုရှားနိုင်ငံ ကမ်ချက်ကာ (Kamchatka) ကျွန်းဆွယ်တွင် မီးတောင် ၃ လုံး ပေါက်ကွဲနေပြီး ချော်ရည်နှင့် ပြာမှုန်များ မှုတ်ထုတ်လျက်ရှိသည်။   Shiveluch၊ Kizimen နှင့် Plosky Talbachek အမည်ရှိ မီးတောင် ၃ လုံးမှာ ကမ်ချက်ကာကျွန်းဆွယ်၏ မတူညီသော နေရာများတွင် တစ်ပြိုင်နက် တည်း ပေါက်ကွဲခြင်းဖြစ်သည်။   မီးတောင်ပေါက်ကွဲမှုကြောင့် ဒါဇင်နှင့်ချီသော မြေငလျင် လှုပ်ခတ်မှုများ လည်း ဖြစ်ပေါ်ခဲ့သည်။ လေကြောင်းပျံသန်းရေးဆိုင်ရာ တာဝန်ရှိသူများက မီးတောင်ပေါက်ကွဲနေသည့် ကောင်းကင်ယံတွင်လေကြောင်းပျံသန်းမှု ဆိုင်ရာ လုံခြုံရေးသတိပေးချက်ကို လိမ္မော်ရောင်အဆင့် သတ်မှတ် ထုတ်ပြန်ထားကြောင်း သိရသည်။  Planet Myanmar Network

ရုရှားနိုင်ငံ ကမ်ချက်ကာ (Kamchatka) ကျွန်းဆွယ်တွင် မီးတောင် ၃ လုံး ပေါက်ကွဲနေပြီး ချော်ရည်နှင့် ပြာမှုန်များ မှုတ်ထုတ်လျက်ရှိသည်။

Shiveluch၊ Kizimen နှင့် Plosky Talbachek အမည်ရှိ မီးတောင် ၃ လုံးမှာ ကမ်ချက်ကာ ကျွန်းဆွယ်၏ မတူညီသော နေရာများတွင် တစ်ပြိုင်နက်တည်း ပေါက်ကွဲခြင်း ဖြစ်သည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ဒါဇင်နှင့်ချီသော မြေငလျင် လှုပ်ခတ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ လေကြောင်း ပျံသန်းရေးဆိုင်ရာ တာဝန်ရှိသူများက မီးတောင် ပေါက်ကွဲနေသည့် ကောင်းကင်ယံတွင် လေကြောင်းပျံသန်းမှုဆိုင်ရာ လုံခြုံရေး သတိပေးချက်ကို လိမ္မော်ရောင်အဆင့် သတ်မှတ် ထုတ်ပြန် ထားကြောင်း သိရသည်။
Copy from - Planet Myanmar Network

No comments:

Post a Comment