၂၀၁၃
ခုနှစ် ဇန္န၀ါရီလ (၁၂)ရက်နေ့ နှစ်(၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်
တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို တအာင်း(ပလောင်)ဒေသမှာ
အောင်မြင်စွာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားတွင်
တော်လှန်ရေးခရီး နှစ် ၅၀ ကာလအတွင်း အသက်ပေး စွန့်လှူခဲ့ကြသော အာဇာနည်
မျိုးချစ်သူရဲကောင်း အပေါင်းတို့အား ဦးညွတ် ဂုဏ်ပြုပြီးသည့်နောက် TNLA
တပ်ဖွဲ့ဝင်များ စစ်ရေးပြ အခမ်းအနား ပြုလုပ်ပြီး ဥက္ကဌ ဗိုလ်မှူးကြီး
တာအိုက်ဖုန်းမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အထွေထွေအတွင်းရေးမှူးနှင့် တပ်ရင်းမှူးတို့မှ စစ်ရေး စည်းရုံးရေး လုပ်ငန်းများတို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသည့် ဒေသခံ ခေါင်းဆောင်းများနှင့် မဟာမိတ် အဖွဲ့ဝင်များတို့မှ အမှာစကား ပြောကြားပြီးသည့်နောက် " ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး" များတို့ကို တပ်ဖွဲ့ဝင်နှင့် လူထုရှေ့မှောက်၌ မီးရှို့ပြသခဲ့ကြကြောင်း သိရှိရပါသည်။

PALAUNG NATIONAL SOCIETY - JAPAN
No comments:
Post a Comment