Pages

Wednesday, January 16, 2013

ကျောင်းဆရာလစာ အတွက် တောင်ကြီးဒေသခံတို့ အိတ်စိုက်နေရ

Photo: ကျောင်းဆရာလစာ အတွက် တောင်ကြီးဒေသခံတို့ အိတ်စိုက်နေရ 
-------------------------------------------------------------------

တောင်ကြီးမြို့၊ အောင်သပြေရပ်က အမှတ်(၃) အလယ်တန်းကျောင်းမှာ ကိုးတန်း၊ ဆယ်တန်း စာသင်ခန်းတွေ ဖွင့်လှစ် သင်ကြားပေးနေတာ ဆယ်နှစ် ရှိပါပြီ။ သို့သော်လည်း တွဲဘက် အထက်တန်းကျောင်းအဆင့်ကို အစိုးရက တရားဝင် ပီပီပြင်ပြင် မသတ်မှတ်သေးပါဘူး။ ရလဒ်ကတော့  ကိုးတန်း၊ ဆယ်တန်းပြ ဆရာဆရာမများကို ပြင်ပက ငှားရမ်းနေရပြီး  လစာကိုလည်း ကျောင်းသားမိဘများက ပေးနေရခြင်းပါပဲ။ ပြင်ပနေငှားပြီး ခန့်ထားတဲ့ ဆရာ၊ ဆရာမ အရေအတွက်က ( ၇) ဦးအထိ ရှိတယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်က ပြောပါတယ်။ 

ဆရာ/ဆရာမ လစာ - ကျပ်  ၈၀,၀၀၀ ၀န်းကျင် ကိုးတန်း၊ ဆယ်တန်း ကျောင်းသား တဦးထံမှ လစဉ် ကောက်ယူမှု - ကျပ် ၄,၀၀၀ ဖြစ်ပြီး လစဉ် ကျပ် ၄,၀၀၀ မပေးနိုင်သူ ကျောင်းသားမိဘ အများအပြားရှိကြောင်း၊ ယင်းအခက်အခဲများကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တင်ပြထားသော်လည်း အကြောင်းပြန်ကြားစာ မရရှိသေးကြောင်း၊ အထက်တန်းကျောင်း အဆင့် တိုးပေးလျှင် ပြင်ပမှ ဆရာ၊ ဆရာမ ငှားရမ်းသည့်အတွက် ကုန်ကျငွေ တလ ကျပ် ၇ သိန်းခန့် သက်သာသွားမည်ဖြစ်ကြောင်း   ဦးဇော်မြင့်က ရှင်းပြပါတယ်။

ဆရာ၊ ဆရာမ ငှားရမ်းခအတွက် ကိုးတန်း၊ ဆယ်တန်း ကလေးများထံမှ ငွေကောက်ခံဖို့ ကျောင်းကော်မတီဝင် မိဘများက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ် လို့  ဦးဇော်မြင့်က ဆက်ပြောပါတယ်။ တောင်ကြီးဒေသခံတို့ရဲ့ ၀န်ထုပ်ဝန်ပိုး ဘယ်ကာလများမှ သက်သာမယ် ဆိုတာကတော့ နေပြည်တော်က တာဝန်ရှိသူတု့ရဲ့ တုန့်ပြန်ချက်အပေါ် မူတည်နေပါတယ်။
(Ref; ဧရာဝတီဘလော့)

တောင်ကြီးမြို့၊ အောင်သပြေရပ်က အမှတ်(၃) အလယ်တန်းကျောင်းမှာ ကိုးတန်း၊ ဆယ်တန်း စာသင်ခန်းတွေ ဖွင့်လှစ် သင်ကြားပေးနေတာ ဆယ်နှစ် ရှိပါပြီ။ သို့သော်လည်း တွဲဘက် အထက်တန်းကျောင်းအဆင့်ကို အစိုးရက တရားဝင် ပီပီပြင်ပြင် မသတ်မှတ်သေးပါဘူး။ ရလဒ်ကတော့ ကိုးတန်း၊ ဆယ်တန်းပြ ဆရာဆရာမများကို ပြင်ပက ငှားရမ်းနေရပြီး လစာကိုလည်း ကျောင်းသားမိဘများက ပေးနေရခြင်းပါပဲ။
 ပြင်ပနေငှားပြီး ခန့်ထားတဲ့ ဆရာ၊ ဆရာမ အရေအတွက်က ( ၇) ဦးအထိ ရှိတယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်က ပြောပါတယ်။

ဆရာ/ဆရာမ လစာ - ကျပ် ၈၀,၀၀၀ ၀န်းကျင် ကိုးတန်း၊ ဆယ်တန်း ကျောင်းသား တဦးထံမှ လစဉ် ကောက်ယူမှု - ကျပ် ၄,၀၀၀ ဖြစ်ပြီး လစဉ် ကျပ် ၄,၀၀၀ မပေးနိုင်သူ ကျောင်းသားမိဘ အများအပြားရှိကြောင်း၊ ယင်းအခက်အခဲများကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တင်ပြထားသော်လည်း အကြောင်းပြန်ကြားစာ မရရှိသေးကြောင်း၊ အထက်တန်းကျောင်း အဆင့် တိုးပေးလျှင် ပြင်ပမှ ဆရာ၊ ဆရာမ ငှားရမ်းသည့်အတွက် ကုန်ကျငွေ တလ ကျပ် ၇ သိန်းခန့် သက်သာသွားမည်ဖြစ်ကြောင်း ဦးဇော်မြင့်က ရှင်းပြပါတယ်။

ဆရာ၊ ဆရာမ ငှားရမ်းခအတွက် ကိုးတန်း၊ ဆယ်တန်း ကလေးများထံမှ ငွေကောက်ခံဖို့ ကျောင်းကော်မတီဝင် မိဘများက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ် လို့ ဦးဇော်မြင့်က ဆက်ပြောပါတယ်။ တောင်ကြီးဒေသခံတို့ရဲ့ ၀န်ထုပ်ဝန်ပိုး ဘယ်ကာလများမှ သက်သာမယ် ဆိုတာကတော့ နေပြည်တော်က တာဝန်ရှိသူတု့ရဲ့ တုန့်ပြန်ချက်အပေါ် မူတည်နေပါတယ်။
(Ref; ဧရာဝတီဘလော့)
 
No comments:

Post a Comment