Pages

Thursday, January 17, 2013

“လက်နက်ကိုင်ဆောင်မှုကန့်သတ်ရေး မူဝါသစ်များ အိုဘားမားက အဆိုပြု”

Photo: “လက်နက်ကိုင်ဆောင်မှုကန့်သတ်ရေး မူဝါသစ်များ အိုဘားမားက အဆိုပြု”

သမ္မတ အိုဘားမားသည် အမေရိကန်တွင် သေနတ်ကိုင် အကြမ်းဖက်မှုထိန်းချုပ်နိုင်ရန် ရည်ရွယ်လျက် လက်နက်ကိုင်ဆောင်မှု ကန့်သတ်ရေး မူဝါဒသစ်များကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။

သမ္မတအိုဘားမားနှင့် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်တို့၏ လက်နက်ထိန်းချုပ်ရေး မူဝါဒသစ် အဆိုပြုချက်များအနက် အဓိကကျသော အဆိုပြုချက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

- သေနတ်ရောင်းချမှုအားလုံးတွင် ဝယ်ယူသူအား ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းရှိ မရှိ စစ်ဆေးရန်။
- စစ်တပ်သုံး ချေမှုန်းရေးလက်နက်များ ကိုင်ဆောင်မှုကို တားမြစ်ပိတ်ပင်ရန်။
- သေနတ်ကျည်ဆန် ဝယ်ယူထားရှိမှုကို ၁၀ တောင့်အထိသာ ကန့်သတ်ရန်။
- တရားမဝင် သေနတ်ရောင်းဝယ်ခြင်းအတွက် ပိုမိုပြင်းထန်သည့် ပြစ်ဒဏ် ချမှတ်ရန်။

သမ္မတအိုဘားမားက အဆိုပြုသည့် လက်နက်ထိန်းချုပ်ကန့်သတ်ရေး မူဝါဒသစ်များကို ဥပဒေပြုနိုင်ရန်အတွက် လွှတ်တော်သို့ တင်သွင်းကာ အဆုံးအဖြတ် ခံယူသွားမည်ဖြစ်သည်။

Planet Myanmar Network
 
No comments:

Post a Comment