Pages

Monday, January 14, 2013

ဂျပန်အကူအညီနဲ့ ကိုယ်ကျိုးရှာမည်မဟုတ်ဟု ပအိုဝ်းအဖွဲ့ ပြောကြား



 
နယ်စပ်ဒေသတိုင်းရင်းသားများကို ကူညီမည်ဟု ပြောဆိုထားသည့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့်  ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO ကို စနေနေ့က ဆန်အိတ်  ၁,၂၀၀  လှူဒါန်းလိုက်သည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) သို့   ပထမအကြိမ် အကူအညီပေးအပ်ခြင်း အခမ်းအနားကို စနေနေ့ နေ့လယ် ၁း၀၀ နာရီက တောင်ကြီးမြို့ တောင်ကြီးဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

PNLO မှ ဦးခွန်သူရိန်က ဆန်အိတ်များ လက်ခံခဲ့ပြီး လှူဒါန်းမှုအတွက်  အဖွဲ့ ကိုယ်စား ကျေးဇူးတင်ကြောင်း၊ ယခင်လည်း အဖွဲ့အစည်းများသို့လှူဒါန်းသည့် ပစ္စည်းတို့ကို ကိုယ်ကျိုးအတွက်သုံးစွဲသည့် သာဓကများ ရှိခဲ့ကြောင်း၊ ယခု ပစ္စည်းများကို မိမိတို့ ကိုယ်ကျိုးအတွက် သုံးမည် မဟုတ်ဘဲ  မိမိတို့ ဒေသရှိပြည်သူများအတွက် ထိရောက်စွာ အသုံပြုသွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

နိပွန်ဖောင်ဒေးရှင်းမှ ပရောဂျက် ဒါရိုက်တာ မစ္စတာ အီမိုတိုက  လှူဒါန်းကူညီပေးအပ်ခြင်း  ရည်ရွယ်ချက်များကို ရှင်းပြခဲ့သည်။

       ယင်းအခမ်းအနားသို့ တက်ရောက်လာသည့်  ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှုး အောင်သူကလည်း ၀မ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

ဆက်စပ်သတင်း
နိပွန် ဖောင်ဒေးရှင်း၏ နယ်စပ်အကူအညီများ ပြည်တွင်းမှတဆင့် သွားမည်




















ဧရာဝတီ

No comments:

Post a Comment