Pages

Wednesday, January 16, 2013

မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စွာ အရေးယူတော့မည်




မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ လုပ်းငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၁၃) တွင် အတည်ပြုဆုံးဖြတ်ချက်များအရ တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စွာ အရေး ယူသွား မည်ဖြစ်ကြောင်း သိရသည်။

'' ၂၀၁၂ခုနှစ်တုန်းက မော်တော်ယာဉ်ဥပဒေအရ မော်တော်ယာဉ် ၇၀၄စီး နဲ့ မော်တော်ဆိုင်ကယ် ၃၈၂၆စီးကို တရားစွဲဆိုခဲ့ ပါတယ်။ စည်ပင်သာယာ ဥပဒေပုဒ်မ ၂၆အရလည်း မော်တော်ယာဉ် ၄၇၉၃စီးနဲ့ ဆိုင်ကယ် ၂၃၂၂၇စီးကို အရေးယူခဲ့ပါတယ်။ တရားမဝင် လိုင်စင် မဲ့ မော်တော်ယာဉ် ၇၄စီးနဲ့ ဆိုင်ကယ်၈၇စီးကိုလည်း အရေးယူ ခဲ့ပြီး ဖြစ်ပါ တယ်။ အခုနှစ်မှာလည်း လိုင်စင်မဲ့တွေကို ပိုမိုထိရောက်စွာ ဖမ်းဆီးအရေး ယူဖို့အတွက် စီစဉ်ထား ပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

စည်းကမ်းဖောက်ဖျက်ယာဉ်များကို ထိရောက်စွာ အရေးယူနိုင်ရေး အတွက် မြို့တွင်းဖမ်းဆီးရေးအဖွဲ့ကို လေးဖွဲ့မှ လိုအပ်သလို တိုးချဲ့ဖွဲ့စည်းရေး, ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားနေသော နေရာများတွင် ပိုမိုကြီးကြပ်နိုင်ရေး, ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ပြန့်စွာ ဟောပြောနိုင်ရေးနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေရေးတို့ကို ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment