Pages

Sunday, January 6, 2013

မြန်မာနိုင်ငံတွင် မြေမြှုပ်နှံထားခဲ့သော စပစ်ဖိုင်းယားလေယာဉ်များ ပြန်လည် ရှာဖွေမည့်အဖွဲ့ ဗြိတိန်မှ ရန်ကုန်သို့ ထွက်ခွာ


Photo: မြန်မာနိုင်ငံတွင် မြေမြှုပ်နှံထားခဲ့သော စပစ်ဖိုင်းယားလေယာဉ်များ ပြန်လည်
ရှာဖွေမည့်အဖွဲ့ ဗြိတိန်မှ ရန်ကုန်သို့ ထွက်ခွာ

6.1.2013


မြန်မာနိုင်ငံတွင်ဒုတိယကမ္ဘာစစ် နောက်ပိုင်းမြေအောက်၌် မြှုပ်နှံထားခဲ့သည့် ဗြိတိသျှ လုပ်စပစ်ဖိုင်းယားတိုက်လေယာဉ်များ ရှာဖွေရန် ဗြိတိသျှ စစ်သား
ဟောင်းတစ်ဦးဖြစ်သူ စတန်လေကွန်မ် ဦးဆောင်သော အဖွဲ့ဝင် ၂၁ ဦးသည်
ရန်ကုန်မြို့သို့ ဦးတည်ထွက်ခွာလာကြောင်း သိရသည်။

၎င်းတို့၏ ထုတ်ဖော်ပြောဆိုချက်အရ ရန်ကုန်ရှိ မင်္ဂလာဒုံလေဆိပ်အနီးတွင်
 လေယာဉ်စီးရေ ၃၆ စင်းကို ဒုတိယကမ္ဘာစစ်အပြီး မြေမြှုပ်ထားခဲ့သည်ဟုသိ
ရသည်။ထိုစဉ်ကဂျပန်ကိုအနိုင်တိုက်ခဲ့ပြီးနောက် မြန်မာပြည်စစ်မြေပြင်တွင် အောင်ပွဲရခဲ့သောဗြိတိသျှတပ်များသည်၁၉၄၅တွင်၎င်းတို့၏စစ်လေယာဉ်များကို မြေမြှုပ်သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

လေယာဉ်များကို ရှာဖွေမည့် အဖွဲ့ဝင် မစ္စတာဒေးဗစ်ကန်ဒယ်က ''ကျွန်တော်
မျက်မြင်သက်သေအားလုံးကို တွေ့ခဲ့ပြီးပါပြီ။သူတို့အမှန် ပြောတယ်ဆိုတာ
 ကျွန်တော်ယုံကြည်ပါတယ်။ လုံးဝမပျက်မစီးဘဲ ကျန်နေမယ့် လေယာဉ်တွေ ရှာတွေ့မယ်လို့လည်းကျွန်တော်ထင်ပါတယ်'' ဟု ပြောသည်။

ထိုင်ခုံ တစ်လုံးသာ ပါဝင်သော ယင်းတိုက်လေယာဉ်များသည် ဗြိတိသျှသမိုင်း
တွင် နာမည်ကျော် တိုက်လေယာဉ်များဖြစ်ပြီး၁၉၄၀ ပြည့်နှစ်တွင် ဂျာမန်တပ်
များနှင့် ဗြိတိသျှတို့ တိုက်ခိုက်ရာ၌ အဆုံးအဖြတ် ပေးနိုင်သည့်အရေးပါသော 
ကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုလေယာဉ်များကို မင်္ဂလာဒုံတွင် စစ်နိုင်ပြီးနောက် အမေရိကန်အင်ဂျင်နီယာများက မြေအောက်၌ သေချာသိမ်းဆည်းမြုပ်နှံ
ခဲ့ကြောင်းသိရသည်။ လေယာဉ်များ ဤသို့ တူးဖော်ရေးကိစ္စကို မြန်မာနိုင်ငံ
သို့ ယမန်နှစ်က လာရောက်ခဲ့သော ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက
မြန်မာသမ္မတနှင့် ဆွေးနွေးခဲ့သည်။ ယခုမစ္စတာကန်ဒယ်၏ လေယာဉ်ရှာဖွေ
ရေး အစီအစဉ်ကို War Gaming.com, JCB နှင့် ဂျက်ရွာလင့်ရိုဗာကုမ္ပဏီ
များက ငွေကြေးထောက်ပံ့ထားကြောင်း သိရသည်။
 Reuters



မြန်မာနိုင်ငံတွင်ဒုတိယကမ္ဘာစစ် နောက်ပိုင်းမြေအောက်၌် မြှုပ်နှံထားခဲ့သည့် ဗြိတိသျှ လုပ်စပစ်ဖိုင်းယား
တိုက်လေယာဉ်များ ရှာဖွေရန် ဗြိတိသျှ စစ်သားဟောင်းတစ်ဦးဖြစ်သူ စတန်လေကွန်မ် ဦးဆောင်သော အဖွဲ့ဝင် ၂၁ ဦးသည်ရန်ကုန်မြို့သို့ ဦးတည်ထွက်ခွာလာကြောင်း သိရသည်။
၎င်းတို့၏ ထုတ်ဖော်ပြောဆိုချက်အရ ရန်ကုန်ရှိမင်္ဂလာဒုံလေဆိပ်အနီးတွင်လေယာဉ်စီးရေ ၃၆စင်းကိုဒုတိယ
ကမ္ဘာစစ်အပြီး မြေမြှုပ်ထားခဲ့သည်ဟုသိရသည်။ထိုစဉ်ကဂျပန်ကိုအနိုင်တိုက်ခဲ့ပြီးနောက် မြန်မာပြည်စစ်မြေပြင်
တွင် အောင်ပွဲရခဲ့သောဗြိတိသျှတပ်များသည်၁၉၄၅တွင်၎င်းတို့၏စစ်လေယာဉ်များကို မြေမြှုပ်သိမ်းဆည်းထား
ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်များကို ရှာဖွေမည့် အဖွဲ့ဝင် မစ္စတာဒေးဗစ်ကန်ဒယ်က ''ကျွန်တော်မျက်မြင်သက်သေအားလုံးကို
 တွေ့ခဲ့ပြီးပါပြီ။သူတို့အမှန် ပြောတယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။
လုံးဝမပျက်မစီးဘဲကျန်နေမယ့် လေယာဉ်တွေရှာတွေ့မယ်လို့လည်းကျွန်တော်ထင်ပါတယ်'' ဟု ပြောသည်။

ထိုင်ခုံ တစ်လုံးသာ ပါဝင်သော ယင်းတိုက်လေယာဉ်များသည် ဗြိတိသျှသမိုင်းတွင် နာမည်ကျော် တိုက်
လေယာဉ်များဖြစ်ပြီး၁၉၄၀ ပြည့်နှစ်တွင် ဂျာမန်တပ်များနှင့် ဗြိတိသျှတို့ တိုက်ခိုက်ရာ၌အဆုံးအဖြတ် ပေးနိုင်
သည့်အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည်။ 
ထိုလေယာဉ်များကို မင်္ဂလာဒုံတွင် စစ်နိုင်ပြီးနောက် အမေရိကန်အင်ဂျင်နီယာများက မြေအောက်၌ သေချာ
သိမ်းဆည်းမြုပ်နှံခဲ့ကြောင်းသိရသည်။ လေယာဉ်များ ဤသို့ တူးဖော်ရေးကိစ္စကို မြန်မာနိုင်ငံသို့ ယမန်နှစ်က
 လာရောက်ခဲ့သော ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကမြန်မာသမ္မတနှင့် ဆွေးနွေးခဲ့သည်။
 ယခုမစ္စတာကန်ဒယ်၏ လေယာဉ်ရှာဖွေရေး အစီအစဉ်ကို War Gaming.com, JCB နှင့်ဂျက်ရွာလင့်ရိုဗာ
ကုမ္ပဏီများက ငွေကြေးထောက်ပံ့ထားကြောင်း သိရသည်။
Reuters

No comments:

Post a Comment