Pages

Friday, January 25, 2013

ကျိုင်းတောင်းမြို့နယ်တွင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့မှ ဆန်နှင့် လူသစ်များ အဓမ္မ စုဆောင်းနေ


ဇန်န၀ါရီ (၂၅)


ရှမ်းပြည်နယ် ကျိုင်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်မှ ရပ်မိ/ရပ်ဖများအား ဇန်န၀ါရီလ (၂၀) ရက်နေ့တွင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ယွက်ဆစ်အဖွဲ့မှ အစည်းအဝေးခေါ်ယူပြီး ဆန်နှင့် တပ်သားသစ် ပေးဆောင်ရမည့် အချက်များကို ပြောကြားခဲ့ကြောင်း သိရသည်။

ယွက်ဆစ်အဖွဲ့က ကျိုင်းတောင်းမြို့နယ်ခွဲမှ ၎င်းတို့အတွက် ရိက္ခာဆန် (၁၀၀၀) ပုံး (၁ ပုံးလျှင် ၈ ပြည် ၀င်) စုဆောင်းထားရန်နှင့် လိုအပ်သည့် အချိန်တွင် လာယူမည်ဖြစ်ကြောင်း ၊ ကျိုင်းတောင်း မြို့နယ် ခွဲအတွင်း အိမ်ဆောက်လိုသူများရှိပါက မိမိတို့အဖွဲ့၏ ခွင့်ပြုချက်တောင်းခံပြီးမှသာ သစ်ခုတ်ယူ ရမည်ဖြစ်ကြောင်းနှင့် တပ်သားသစ်အတွက် ရွာတစ် ရွာလျှင် ယောင်္ကျား (၃) ဦးမှ (၅) ဦးကို မဲနှိုက်ပြီးဆုံးဖြတ်မည်ဟု ပြောကြားသွားခဲ့ကြောင်း ကျိုင်းတောင်းမြို့ဒေသခံ တစ်ဦး ထံမှ သိရသည်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ယွက်ဆစ်အဖွဲ့သည် နိုင်ငံတကာတွင် ဘိန်းဖျက်ရေး လုပ်ငန်း များအား အားတက်သရော ဆောင်ရွက်နေသယောင်ပြုလုပ်နေသော်လည်း ၎င်းတို့အဖွဲ့၏ ယခင် လုပ်ရပ်များဖြစ်သော ဘိန်းစိုက်ခြင်း ၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ကျေးရွာများတွင် ရိက္ခာနှင့် ဆက်ကြေးငွေတောင်းခံခြင်း၊ အဓမ္မလူသစ်စုဆောင်းခြင်း များကို ပေါ်ပေါ်ထင် ထင် ဆောင် ရွက်နေ ကြကြောင်းကို ဒေသခံများမှ သိသော်လည်း မပြောရဲကြကြောင်း သိရသည်။ ၎င်းတို့အဖွဲ့မှ ထွက်ပြေးလွတ်မြောက်လာကြသည့် တပ်သားသစ်များသည်လည်း ရှမ်းပြည်နယ်တွင် မနေရဲတော့ဘဲ အခြား ပြည်နယ်များသို့ သွားရောက်နေထိုင်ကြကြောင်းလည်း သိရသည်။

No comments:

Post a Comment