Pages

Thursday, January 24, 2013

လွယ်တိုင်းလျဲန်း မှ ထွက်ပြေးလာသည့် တပ်သားသစ် အရေအတွက် အလွန်များပြားနေ



ဇန်န၀ါရီ(၂၄)


၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၂၂)ရက်နေ့မှာ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်ဆစ်အဖွဲ့ဌာနချုပ် လွယ်တိုင်းလျဲန်းမှ ထွက်ပြေးလွတ်မြောက်လာသော အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ခံထားရသည့် စစ်သည်(၃)ဦး နှင့် အရပ်သား(၃)ဦးတို့ကို တပ်မတော်စစ်ကြောင်း များက တွေ့ရှိကူညီပေး ထားကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အဖွဲ့မှ ထွက်ပြေးလွတ်မြောက်လာသူ စစ်သည်များမှာ အင်တောမြို့မှ (၂)ဦးနဲ့ မိုင်းကိုင်မြို့မှ (၁)ဦးဖြစ်တယ်လို့ သိရသည်။ အရပ်သား(၃)ဦးကတော့ မိုင်းကိုင်မြို့ ဒေသ ခံတွေဖြစ်တယ်လို့ သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခု၊ ဒီဇင်ဘာလအတွင်း  ရွက်ဆစ်သည် ရှမ်းနှစ်သစ်ကူးပွဲတော်တက်ရောက်ရန် အကြောင်းပြချက်ဖြင့် ရွာသား(၁၀၀၀)ကျော်ကို အဓမ္မလူသစ်စုဆောင်းသွားခဲ့ပြီး စစ်သင်တန်း များ ပေးလျက်ရှိကြောင်းကို ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသူ များထံမှ သိရသည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်ဆစ်အဖွဲ့သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ထားသော်လည်း နှစ်ဖွဲ့အကြား တိုက်ပွဲအကြိမ်အရေအတွက်(၆၀)ကျော်ပြီဖြစ်သည်။ ရွက်ဆစ်မှ “ ကျွန်တော် တို့ဘက်ကစပြီးတော့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဘယ်တော့မှ စတင်ဖေါက်ဖျက်မှာ မဟုတ်ဘူး” ဟု ယခုလ(၁၆)ရက်နေ့မှ (၁၉)ရက်အထိ လွယ်တိုင်းလျဲန်းမှာ ကျင်းပသော RCSS/SSA နှစ်ပတ်လည်အစည်းအဝေး တွင် ပြောခဲ့သည်။
 
ရွက်ဆစ်မှ တိုက်ပွဲဖြစ်ပွားတိုင်း မြန်မာ့တပ်မတော်က နယ်ကျွံလို့ ဖြစ်ရကြောင်း ပြောဆိုလေ့ရှိပြီး ၎င်းတို့ အဖွဲ့ မှ လူသစ်စုအဓမ္မစုဆောင်းခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ဘိန်းစိုက်ပြီး ဆေးပြားထုတ် လုပ်ခြင်း များကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။ ယခုထွက်ပြေးလာသူများသည် အဓိကသက်သေ များဖြစ်ပြီး ရွက်ဆစ်မှ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး လုပ်ရပ်များကို ထွက်ပြေးလွတ်မြောက် လာသူ များက ဖော်ထုတ်ပြနေပြီဖြစ်သည်။ နောက်ဆုံး ထွက်ပြေးလွတ်မြောက်လာသူ(၆)ဦးကို တပ်မတော် စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်ပေးပြီး ဆွေမျိုးမိဘများထံသို့ ပြန်ပို့ပေးရန် ဆက်သွယ် စီစဉ်ပေးနေကြောင်း မိုင်းကိုင်မြို့ခံများထံမှ သိရသည်။

No comments:

Post a Comment