Pages

Wednesday, January 2, 2013

"ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း အား အကောင်အထည်ဖော်လျက်ရှိသည့် China Three Gorges Corporation (CTGC) နှင့် International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ"


ဇန်န၀ါရီလ  ၂



Photo: "ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း
အား အကောင်အထည်ဖော်လျက်ရှိသည့် China Three Gorges Corporation (CTGC) နှင့် International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ"
Wednesday, January 02, 2013 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ
စိုင်းမောက်ခမ်းသည် ယနေ့ မွန်းလွဲ (၂) နာရီတွင် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းအား အကောင်အထည် ဖော်လျက် ရှိသည့် China Three Gorges Corporation (CTGC) နှင့် International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများအား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ
 ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်ယော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်မောင်၊ 
အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် ရေအား၊ လေအားတို့ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ် နိုင်မည့် စီမံကိန်းများတွင် ဖြစ်နိုင်စွမ်းလေ့လာ စူးစမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

Popular Myanmar News Journal 
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ မွန်းလွဲ(၂) 
နာရီတွင် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းအား အကောင်အထည် ဖော်လျက် ရှိသည့် China Three Gorges Corporation (CTGC) နှင့် International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများအား
 နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ

 လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးဇင်ယော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်မောင်၊
အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် ရေအား၊ လေအားတို့ဖြင့်လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်မည့်စီမံကိန်းများတွင်ဖြစ်နိုင်

စွမ်းလေ့လာ စူးစမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသခံ
ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့
ကြသည်။

Popular Myanmar News Journal

No comments:

Post a Comment