Pages

Thursday, January 17, 2013

မြန်မာနိုင်ငံတောင်သူလယ်သမားများအတွက် အသေးစားချေးငွေထုတ်ပေးရန် မြန်မာအစိုးရနှင့် တရုတ်အစိုးရကြားသဘောတူ



Photo: မြန်မာနိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော တောင်သူလယ်သမားများအတွက် အသေးစားချေးငွေထုတ်ပေးရန် မြန်မာအစိုးရနှင့် တရုတ်အစိုးရကြား သဘောတူခဲ့ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Mr. Chen Jian က ပြောသည်။

မြန်မာတောင်သူလယ်သမားများအတွက် အသေးစားချေးငွေထုတ်ပေးရန် မြန်မာအစိုးရက ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မကြာမီ တရုတ်နိုင်ငံမှ ပညာရှင်များစေလွှတ်၍ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဒုဝန်ကြီး Mr. Chen Jian က ယနေ့ (ဇန်န၀ါရီ ၁၇) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဒုဝန်ကြီးနှင့်အဖွဲ့သည့် ဒုတိယသမ္မတဦးဉာဏ်ထွန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်ထောင်စုဝန်ကြီးတချို့နှင့် တွေ့ဆုံခဲ့သည်။ ဆေးရုံတည်ဆောက်ရန်၊ အခြေခံအဆောက်အအုံတည်ဆောက်ပေးရန်၊ စိုက်ပျိုးရေးထွက်ကုန်များ တရားဝင်တင်ပို့နိုင်ရန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းဖွံ့ဖြိုးရေးနှင့် Sea Game ပြိုင်ပွဲအတွက် အကူအညီပေးရန်တို့အတွက်လည်း ဆွေးနွေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

တရုတ်အစိုးရအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် တရုတ်ယွမ်ငွေ ၂၁၂ သန်း (ဒေါ်လာ ၃၄ သန်း) ကူညီပေးမည်ဟု သတင်းရရှိသည်။
ဓာတ်ပုံ-အောင်သူရ

မြန်မာနိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော တောင်သူလယ်သမားများအတွက် အသေးစားချေးငွေထုတ်ပေးရန် မြန်မာအစိုးရနှင့်တရုတ်အစိုးရကြားသဘောတူခဲ့ကြောင်း မြန်မာနိုင်ငံသို့
 ရောက်ရှိနေသော တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Mr. Chen Jian က ပြောသည်။

မြန်မာတောင်သူလယ်သမားများအတွက် အသေးစားချေးငွေထုတ်ပေးရန် မြန်မာအစိုးရက ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီးမကြာမီတရုတ်နိုင်ငံမှပညာရှင်များစေလွှတ်၍အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်
 ဆောင်ရွက်သွားမည်ဟု ဒုဝန်ကြီး Mr. Chen Jian က ယနေ့ (ဇန်န၀ါရီ ၁၇) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသောဒုဝန်ကြီးနှင့်အဖွဲ့သည့်ဒုတိယသမ္မတဦးဉာဏ်ထွန်း၊ ပြည်သူ့လွှတ်တော်
ဥက္ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်ထောင်စုဝန်ကြီးတချို့နှင့်
 တွေ့ဆုံခဲ့သည်။
 ဆေးရုံတည်ဆောက်ရန်၊ အခြေခံအဆောက်အအုံတည်ဆောက်ပေးရန်၊ စိုက်ပျိုးရေးထွက်ကုန်များ တရားဝင်တင်ပို့နိုင်ရန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းဖွံ့ဖြိုးရေးနှင့် Sea Game ပြိုင်ပွဲအတွက် အကူအညီပေးရန်တို့အတွက်လည်း ဆွေးနွေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

တရုတ်အစိုးရအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် တရုတ်ယွမ်ငွေ ၂၁၂ သန်း (ဒေါ်လာ ၃၄ သန်း) ကူညီပေးမည်ဟု သတင်းရရှိသည်။
7Day News Journal

No comments:

Post a Comment