Pages

Friday, January 18, 2013

Splitfire တိုက်လေယာဉ်များ ရှာဖွေတူးဖော်မှု

Photo: © Getty Images
 
Photo: Daily Mai— in Myanmar.
ဒုတိယကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သော Splitfire တိုက်လေယာဉ်များ ရှာဖွေမှုကို 
ဗြိတိန်က ပြုလုပ်နေပြီဖြစ်သည်။ သတ္တုဗေဒလေ့လာဆန်းမှုနှင့် စာရင်းဇယားများအရ ဒုတိယကမ္ဘာစစ်အတွင်းက အသုံးမပြုရသေးသော ဗြိတိန်လေတပ်၏ Splitfire တိုက်လေယာဉ် အစင်း ၃၀ ကျော်ကို ရန်ကန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နေရာတွင် မြှုပ်နှံထားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေယာဉ်များကို အမေရိကန် စစ်ဘက်အင်ဂျင်နီယာများက မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် မြှုပ်နှံခဲ့သော လေယာဉ်များ ရှာဖွေရေးအတွက် ၁၇ နှစ်ကြာမျှ အချိန်ပေးခဲ့ရပြီးနောက် လေယာဉ်များ တည်ရှိနေရာကို သိရှိဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ၃ နေရာ သို့မဟုတ် ထို့ထက်ပိုသော နေရာများတွင် အစိတ်အပိုင်းများ တစ်စစီဖြုတ်ထားသော Splitfire တိုက်လေယာဉ် ၁၂၀ ခန့်ကို မြှုပ်နှံထားကြောင်း လေယာဉ်များရှာဖွေးရေးအဖွဲ့က ယုံကြည်လျက်ရှိသည်။ ထိုလေယာဉ်များအနက် အစီးရေ ၄၀ မှ ၅၀ ခန့်မှာ ယနေ့အချိန်အထိ ပျံသန်း၍ရသော အခြေအနေတွင် ရှိနေဆဲဟုဆိုသည်။

ဗြိတိန်လေယာဉ် ရှာဖွေရေးသမား ဒေးဗစ်ကွန်ဒေါလ်က ဦးဆောင်သော လေယာဉ်ရှာဖွေရေးအဖွဲ့ကို ဘီလာရုစ်နိုင်ငံမှ ဗီဒီယိုဂိမ်းကုမ္ပဏီ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တို့က ငွေကြေးထောက်ပံ့မှုများ ပေးခဲ့ကြသည်။

Splitfire လေယာဉ်များ ရှာဖွေရေးအတွက် အစောပိုင်း လေ့လာဆန်းစစ်မှုမှာ ၁၀ ရက်ခန့် ကြာမြင်နိုင်ပြီး လေယာဉ်များအား တူးဖော်မှုလုပ်ငန်းမှာ သီတင်းပတ် ၄ ပတ်မှ ၆ ပတ်အထိ ကြာမြင့်နိုင်ကြောင်း သိရှိရသည်။
Planet Myanmar Network

No comments:

Post a Comment