Pages

Thursday, January 10, 2013

SSA(တောင်ပိုင်း)အဖွဲ့မှ ကျောက်မဲမြို့နယ်အတွင်း ဆက်ကြေးများကောက်ခံလျက်ရှိ

ကျောက်မဲ၊ ဇန်န၀ါရီလ ၁၀ ရက်

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)မှ ၂၀၁၃ ခုနှစ်အတွက် ဆက်ကြေးငွေများအား ကျောက်မဲ မြို့နယ်အတွင်း ကောက်ခံလျက်ရှိကြောင်း သတင်းရရှိပါသည်။ SSA(တောင်ပိုင်း)အဖွဲ့အနေဖြင့် ရှမ်းပြည်နယ် အတွင်း ဆက်ကြေးငွေများ ကောက်ခံခြင်း၊ ကျေးရွာများမှ အလှည့်ကျ လူသစ်စုဆောင်းရန် တောင်းခံခြင်း၊ လူသစ်မပေးနိုင်သော ရွာများမှ ဒဏ်ကြေးများ အဆမတန်ကောက်ခံခြင်း၊ ဆန်အပါအ၀င် ရိက္ခာတောင်းခံခြင်း များအား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ SSA (တောင်ပိုင်း) အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ငွေကြေးရိက္ခာများ ကောက်ခံနေခြင်းနှင့် လူသစ်များ ဆင့်ခေါ်နေခြင်းသည် ရှမ်းပြည်ကောင်းစားရေး အတွက်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် သတ်မှတ်ထားသော ငွေကြေးနှင့် လူသစ်များအား အချိန်မီပေးပို့ရန် လိုအပ်ကြောင်း ပြောဆိုခဲ့ပါသည်။ ကျောက်မဲမြို့တွင် ဆက်ကြေး ပေးဆောင်ရန် တောင်းခံထားသော SSA(တောင်ပိုင်း) အဖွဲ့၏ စီးပွားရေး တာဝန်ခံ စိုင်းနွတ် လက်မှတ် ရေးထိုးထားသော ဆက်ကြေးတောင်းခံလွှာများအား ဇန်န၀ါရီလ ၇ ရက်နေ့တွင် ကျောက်မဲမြို့နယ် အတွင်းရှိ ကျေးရွာများအား ဖြန့်ဝေခဲ့ကြောင်းနှင့် ၄င်းစာတွင် SSA(တောင်ပိုင်း) အဖွဲ့မှ ကောက်ခံသော ဆက်ကြေးငွေများအား ဇန်န၀ါရီလ ၈ ရက်နေ့ အပြီးပေးသွင်းရန် ဖော်ပြထားကြောင်း သတင်းရရှိပါသည်။






No comments:

Post a Comment